1/15/2015

♪ ဒေါ်လာ ၉၀ တန် Tizen စမတ်ဖုန်းကို Samsung မိတ်ဆက် ♫


Samsung သည် Tizen operating system အသုံးပြုထားသည့် စမတ်ဖုန်းတစ်မျိုးကို အိန္ဒိယတွင် စတင်ရောင်းချခဲ့သည်။

Samsung Z1 ဟုခေါ်သည့် အဆိုပါ စမတ်ဖုန်းတွင် ၄ လက်မအရွယ် WVGA screen, 3G data, 1.2GHz dual-core processor, 768MB RAM, 1500mAh battery, 3.1-megapixel ကင်မရာနှင့် 4GB သိုလှောင်မှု ပမာဏ (microSD slot ပါဝင်) ကို ထောက်ပံ့ပေးထားသည်။ ၎င်းစမတ်ဖုန်းကို အိန္ဒိယရူပီး ၅,၇၀၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၉၀ ကျော်ဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။

ဖုန်း၏ spec များမှာ နိမ့်သော်လည်း Samsung ကမူ ဖုန်း၏ boot time အပြင် အင်တာနက်အသုံးပြုမှု စွမ်းဆောင်ရည်နှင့် ဘက်ထရီသုံးစွဲမှုတို့အပေါ် အမွှမ်းတင် ပြောကြားခဲ့သည်။

Samsung သည် ယခုနှစ်မှ စတင်ကာ အင်တာနက်ချိတ်ဆက်နိုင်သည့် တီဗီများတွင် Tizen ကို အသုံးပြုမည် ဖြစ်ကြောင်း ယခုလအစောပိုင်းက ပြောကြားခဲ့သည်။ အဆိုပါ တီဗီများသည် Tizen မိုဘိုင်း ထုတ်ကုန်များနှင့် အလွယ်တကူ sync ပြုလုပ်နိုင်မည် ဖြစ်သည်။

Google သည်လည်း Android One platform ဖြင့် အိန္ဒိယဈေးကွက်သို့ ဝင်ရောက်ရန် ပြင်ဆင်နေသည်။ အဆိုပါ Android One platform သည် Android app တစ်သန်းခန့်ဖြင့် အလုပ်လုပ်နိုင်သည်။

Ref: TheVerge

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com