1/06/2015

♪ Samsung က ၁၀၅ လက်မ အရွယ် ကွေးညွှတ်နိုင်တဲ့ 4K TV ကို ပြသ ♫

Samsung_NDA_Curved_TV-23
အမေရိကန် ပြည်ထောင်စု Las Vegas မှာ ဇန်န၀ါရီလ ရောက်တိုင်း ကျင်းပလေ့ရှိတဲ့ Consumer Electronics Show ကတော့ စတင်နေပါပြီ။ အဲဒီပွဲမှာ ကမ္ဘာ့ထိပ်တန်း နည်းပညာ ကုမ္ပဏီကြီးများသာမက ကုမ္ပဏီငယ်လေးများကပါ ဆန်းသစ်တဲ့ နည်းပညာမြင့် ထုတ်ကုန်များကို ပြသကြပါတယ်။

စမတ်ဖုန်း၊ တီဗီ၊ မော်တော်ကား၊ Hard Drive ၊ Laptop ၊ Tablet ၊ မော်နီတာ၊ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက် များသာမက နည်းပညာမြင့် Selfie Stick များတောင် ပါရှိကြပါတယ်။ ဒီနှစ်မှာလည်း Samsung , LG , Hisense , Sony တို့က အရည်အသွေးမြင့် 4K TV များကို အပြိုင်အဆိုင် ပြသနေ ကြပါတယ်။

ဒီနှစ်မှာ Samsung က တီဗီများစွာ ပြသလိုက်တဲ့ အထဲက ၁၀၅ လက်မ အရွယ် ကေးညွှတ်နိုင်တဲ့ တီဗီကြီးအကြောင်းကို တင်ပြလိုက်ပါတယ်။ UN105S9B TV ဖြစ်ပြီး Super Ultra High Definition ခေါ် 4K TV ဖြစ်ပါတယ်။ Remote Control ကနေ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ကြည့်ရှုသူရဲ့ အနေအထားပေါ်မူ တည်ပြီး အကောင်းဆုံး မြင်ကွင်း ရရှိအောင် တီဗီ မျက်နှာပြင်ကို ကွေးညွှတ်ပေးမှာပါ။ Samsung က ကွေးညွှတ်နိုင်တဲ့ တီဗီကို အရင်ကလည်း ပြသခဲ့ဖူးပေမယ့် အခု တီဗီကိုတော့ ပြင်ဆင် ဆန်းသစ် မှုတွေ ပြုလုပ်ထားပါတယ်။

ရုပ်ရှင်တွေ ကြည့်ဖို့ အတွက် အကောင်းဆုံး ဖြစ်ပေမယ့် 21:9 Aspect Ratio က လက်ရှိ တီဗီအများစုထက် မြင်ကွင်းကျယ်ကို ပေးစွမ်းနိုင်ပါတယ်။ Samsung က ဒီတီဗီထဲမှာ 4K Resolution, အရောင်စုံလင်လှပဖို့အတွက် Quantum-Dot နည်းပညာနဲ့ Tizen OS မောင်းနှင်တဲ့ စမတ်တီဗီ ပလက်ဖောင်း အပါအ၀င် အမြင့်မားဆုံး နည်းပညာတွေကို ထည့်သွင်းထားပါတယ်။

TV ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် နေ့ရက်ကို ကြေညာခြင်း မရှိသေးပေမယ့် မနှစ်က ပြသခဲ့တဲ့ ကွေးညွှတ် 4K TV ကတော့ ဒေါ်လာ ၂၆၀ ၀၀၀ တန်ကြေးရှိပါတယ်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com