1/19/2015

♪ ဆွေသဟာ ၀န်ဆောင်မှု အကြောင်း သိကောင်းစရာ (Prepaid သုံးစွဲသူ၊ ငွေဖြည့်ကဒ် ဖြင့် ငွေဖြည့်သုံးစွဲသူများအတွက်) ♫


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ GSM နှင့် WCDMA ဖုန်းသုံးစွဲသူတိုင်း ရရှိနိုင်သည့် ၀န်ဆောင် မှု နှင့် နှုန်းထားသစ်များ ပါဝင်သည့် အစီအစဉ် ဖြစ်ပါသည်။

၁။ဆွေသဟာ ၀န်ဆောင်မှု ကို ရယူရန်အတွက်-
သုံးစွဲသူသည် "SWE" ဟုရိုက်၍ 1332 သို့ sms အခမဲ့ပေးပို့ နိုင်ပါသည်။ဆွေသဟာကို ရယူပြီးနောက်အောက်ပါအကျိုးကျေးဇူးများရရှိပါမည်။
ဖုန်းခေါ်ဆိုမှုနှုန်းထား တစ်မိနစ် ၃၅ ကျပ်
sms ပေးပို့သည့်နှုန်းထား တစ်စောင် ၁၅ ကျပ်
အင်တာနက် ဖွင့်ခ အခမဲ့
အင်တာနက် နှုန်းထား 1MB လျှင် ၁၅ ကျပ်
ဆွေသဟာ ၏သက်တမ်းမှာ (၃၀) ရက်ဖြစ်ပါသည်။ ရက်(၃၀)ပြည့်ပြီး ထပ်မံရယူလိုပါက sms ပေးပို့ ခြင်းဖြင့် သက်တမ်း တိုး နိုင် ပါသည်။

၂။ဆွေသဟာစတင်ခြင်း အထိမ်း အမှတ် လက်ဆောင်
၂၀၁၅ခုနှစ်၊ဇန်န၀ါရီလ (၁၂) ရက်နေ့မှ စ၍ ၂၀၁၅ခုနှစ်၊ မတ်လ (၃၁)ရက် အထိ ၀န်ဆောင်မှု ရယူသူများသည် -

(၁) နှစ်သက်ရာ နံပါတ်(၃) ခုကို တစ်မိနစ် ၂၅ ကျပ်နှုန်းဖြင့် ခေါ်ဆို နိုင်ခွင့် ရရှိမည်ဖြစ်ပါသည်။
နံပါတ်(၃)ခုထည့်လိုပါက "ADD <Phone Number>"
နံပါတ်ကို ပြန်လည် စစ်ဆေးလိုပါက"CHECKFAV"
နံပါတ်ပြောင်းလိုပါက "MODIFY <old number> <new number>" ဟုရိုက်၍ 1332 သို့ sms အခမဲ့ပေးပို့ နိုင်ပါသည်။
နံပါတ်ပြောင်းခြင်းကို ရက်(၃၀)အတွင်း တစ်ကြိမ် သာပြုလုပ် နိုင် ပါ သည်။
သက်တမ်းရက်(၃၀) သုံး နိုင်ပါသည်။ပထမဆုံး နံပါတ် တစ်ခု စတင် ထည့်သွင်း သည့်နေ့ မှစ၍ သက်တမ်းကို ရေတွက်ပါမည်။

(၂) အင်တာနက် 50 MB အခမဲ့ သုံးစွဲခွင့်
သက်တမ်းရက်(၃၀) သုံးနိုင်ပါသည်။သက်တမ်းကို မှတ်ပုံတင်သောနေ့  မှ စတင်တွက်ချက်ပါမည်။
Promotion လက်ကျန် စစ်ဆေးရန် “BAL” ကို ရိုက်၍ 1331 သို့  sms ပေးပို့  နိုင်သကဲ့သို့  *124# ကို ခေါ်ဆို နိုင်ပါသည်။
Promotion များကုန်ဆုံးလျှင် သုံးစွဲမှု ကို ဆွေသဟာနှုန်းထားအတိုင်း ပြန်လည် ကျခံ ရပါမည်။

၃။ဆွေသဟာရယူပြီးသူမှ ရွေးချယ်သုံးစွဲနိုင်သည့်အခွင့်အရေး (Voice & Internet Packages)
ဆွေသဟာကို ရယူပြီးသူသည် Voice Package (၁)ခု ၊Internet Packages (၂)ခု တို့ကို နှစ်သက်ရာ ရွေးချယ် ၀ယ်ယူနိုင်ပါသည်။
Voice Package(480 min) ၊တန်ဘိုး (၁၂၀၀၀ကျပ်)ကို ၀ယ်ယူရန် "480MIN" ဟုရိုက်၍ 1332 သို့  အခမဲ့ sms ပေးပို့ ပါ။
Internet package (400MB) တန်ဘိုး(၅၀၀၀ကျပ်)ကို ၀ယ်ယူရန် "400MB"ဟုရိုက်၍ 1332 သို့  အခမဲ့ sms ပေးပို့ ပါ။
Internet package (1GB) တန်ဘိုး(၁၀၀၀၀ကျပ်)ကို ၀ယ်ယူရန် "1GB" ဟုရိုက်၍ 1332 သို့  အခမဲ့ sms ပေးပို့ ပါ။
Voice & Internet Packages တို့ ၏သက်တမ်းမှာ ရက်(၃၀)ဖြစ်ပါ သည်။
ရက်(၃၀)ပြည့်ပြီး ထပ်မံရယူလိုပါက sms ပေးပို့ ခြင်းဖြင့် ထပ်မံဝယ်ယူနိုင်ပါသည်။

၎။ဆွေသဟာ ကို မရယူလိုတော့ပါက
"UNSUB SWE"ဟုရိုက်၍ 1332 သို့ sms အခမဲ့ပေးပို့ပါ။
sms ပေးပို့ပြီးပါက မူလနှုန်းထားများအတိုင်း ပြန်လည် သုံးစွဲနိုင်ပါသည်။

Credit:MPT


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com