1/06/2015

♪ OPPO R5 ရဲ့ အားသာချက် ၊ အားနည်းချက် ၊ ဒီဇိုင်း ၊ နည်းပညာ ၊ သုံးသပ်ချက်များ ♫


အားသာချက်
ဖုန်းမှာ အသုံးပြုထားတဲ့ CPU, GPU, Sensor အစရှိတဲ့ Hardware စနစ်တွေနဲ့ ဖုန်းတွင်း အသုံးပြု စနစ်တွေမှာ ပြည့်စုံကောင်းမွန် ပါတယ်။  ဖုန်းကိုဖွဲ့စည်း တည်ဆောက်မှု အပိုင်းမှာလည်း မာကျောသေသပ်မှု ရှိနေပြီး Gesture Sensor စနစ်ပိုင်း တွေမှာလည်း ပြည့်ပြည့်စုံစုံ အသုံးပြုနိုင်တဲ့ အတွက်ကြောင့် ဖုန်းကို အသုံးပြုတဲ့ အခါမှာ လွယ်ကူတဲ့ စနစ်တွေနဲ့ Screen ပေါ်မှာ Shortcut စနစ်တွေကို အသုံးပြုနိုင်တဲ့ ဖုန်းပါ။ ကင်မရာ စနစ်ပိုင်းမှာလည်း နည်းပညာ တိုးမြှင့်မှုတွေ ရှိနေပြီး ကောင်းမွန်တဲ့ ကင်မရာ စနစ်တွေကို ထိတွေ့အသုံးပြု နိုင်မှာဖြစ်တဲ့အပြင် အသုံးပြုထားတဲ့ နောက်ကင်မရာနဲ့ ရှေ့ ကင်မရာတွေဟာလည်း Mega Pixel မြင့်မားတဲ့ ကင်မရာတွေ ဖြစ်ပါတယ်။

အားနည်းချက်
ဖုန်းရဲ့မှတ်ဉာဏ် စနစ်ပိုင်းမှာ ထပ်တိုး အသုံးပြုဖို့အတွက် Memory Card Slot မပါဝင်တာကြောင့် မှတ်ဉာဏ်များများ အသုံးပြုလိုသူတွေ အတွက်တော့ အနည်းငယ် အခက်အခဲ ရှိနိုင်မှာဖြစ်ပြီး မိမိရဲ့အရေးကြီး အချက်အလက်တွေကို SD Card ပေါ်ကိုရွှေ့ပြောင်းပြီး Backup လုပ်လို့မရတဲ့အတွက် အွန်လိုင်း Backup စနစ်ကို ကောင်းကောင်း အသုံးပြုနိုင်ဖို့ လိုအပ်နိုင်ပါတယ်။ Music စနစ်ပိုင်းမှာလည်း စပီကာဟာ အသံအနည်းငယ် တိုးပါတယ်။

ဒီဇိုင်း
R5 ဟာ ပုံစံဒီဇိုင်းပိုင်းမှာ ဆွဲဆောင်မှုရှိတဲ့ ပုံစံမျိုးရှိနေပြီး အရွယ်အစား ပိုင်းမှာလည်း ကောင်းမွန်တဲ့ အရွယ်အစားမျိုး ရှိနေပါတယ်။ ဖုန်းရဲ့ဖွဲ့စည်း တည်ဆောက်မှု ပုံစံဟာ လေးထောင့်ဆန်တဲ့ ပုံစံမျိုးဖြစ်ပြီး ဖုန်းကိုယ်ထည်ရဲ့ဘေးဘောင်တွေနဲ့ နောက်ဘက် ကာဗာတွေဟာ စတီးလ်နဲ့ ပြုလုပ်ထားတဲ့ ကိုယ်ထည် ဖြစ်ပါတယ်။ ပုံမှန်မြင်တွ့နေကျ သတ္တုကိုယ်ထည် ဖွဲ့စည်းမှုတွေလို မဟုတ်ပဲ မာကျောမှုအဆင့် ကောင်းမွန်တဲ့ Stainless Steel ကိုအသုံးပြု ထားတယ်လို့ ဆိုပါတယ်။ ဒါဟာလည်း ဖုန်းရဲ့ ပါးလွှာလွန်းတဲ့ ကိုယ်ထည်ကြောင့် ဘောင်းဘီအိတ်ထဲ ထည့်ပြီး သယ်ဆောင်ချိန်တွေနဲ့ ဖုန်းကို ဖိမိချိန်တွေမှာ ဖုန်းကိုကွေးညွှတ် သွားတာမျိုးတွေ မဖြစ်စေဖို့ ဖြစ်ပါတယ်။ ဖုန်းရဲ့ထုထည်ဟာ ၀.၄၈၅ စင်တီမီတာသာရှိပြီး ကမ္ဘာ့အပါးလွှာဆုံး ဖုန်းအဖြစ် ထွက်ရှိခဲ့တဲ့ ဖုန်းအမျိုးအစား တစ်ခုလည်း ဖြစ်ပါတယ်။

အရွယ်အစားကတော့ အထက်အောက် အမြင့် ၁၄.၈၉ စင်တီမီတာနဲ့ ဘေးတိုက်အကျယ် ၇.၄၅ စင်တီမီတာ ရှိပါတယ်။ လက်နဲ့ကိုင်တွယ် အသုံးပြုရာမှာ နှစ်လိုဖွယ် ထိတွေ့မှုကို ခံစားရမှာဖြစ်ပြီး လက်တစ်ဘက်တည်းနဲ့ ကိုင်တွယ်အသုံးပြု ချိန်မှာတော့ ပုံမှန်ဖုန်းတွေနဲ့ အရွယ်အစားချင်း သိပ်မကွာလှပေမယ့် ပါးလွှာလွန်းတဲ့အတွက် လက်ထဲကနေ လွှတ်ကျနိုင်ခြင်းကိုတော့ ဂရုစိုက်ရ ပါလိမ့်မယ်။ ဖုန်းရဲ့ရှေ့ဘက် Screen မြင်ကွင်းမျက်နှာပြင်ရဲ့ ဘေးဘောင်တွေဟာ သေးငယ်တဲ့ အတွက် Screen အပြည့်ပုံစံမျိုး မြင်တွေ့ရမှာဖြစ်ပြီး ပုံစံဒီဇိုင်းကလည်း တည်တည်တန့်တန့် ရှိတယ်လို့ ဆိုနိုင်တဲ့ ပုံစံဒီဇိုင်းမျိုးပါ။ စပီကာကတော့ ဖုန်းရဲ့ ရှေ့ဘက်မျက်နှာပြင် အပေါ်ထိပ်နားမှာ ရှိနေတဲ့ ဖုန်းပြောချိန်မှာ ကြားရမယ့် Earpece လို့ခေါ်တဲ့ စပီကာ နေရာမှာပဲ အတန်းလိုက် ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

ဒီဖုန်းမှာ ထူးခြားချက်ကတော့ နားကြပ်တပ် အဆင်သုံးပြုဖို့အတွက် နားကြပ်ပေါက် မပါဝင်တာပါပဲ။ ဖုန်းရဲ့ ကိုယ်ထည်ဟာ ပါးလွှာလွန်းတဲ့အတွက် နားကြပ်ပေါက် ထည့်သွင်းဖို့ မလွယ်တာကြောင့် နားကြပ် အသုံးပြုလိုသူ တွေအနေနဲ့တော့ ဖုန်းမှာထည့်သွင်း ပေးထားတဲ့ USB Port ကနေ နားကြပ်ခေါင်း ကို ပြောင်းလဲပေးတဲ့ Adaptor ကိုအသုံးပြု ရပါလိမ့်မယ်။ ဒါမှမဟုတ်ရင်တော့ Bluetooth နားကြပ်တွေကို အသုံးပြုနိုင်ပါတယ်။ နောက်ဘက် ကာဗာအသေဖြစ်ပြီး GSM 2G/ 3G ကွန်ရက်စနစ်တွေမှာ အသုံးပြုနိုင်ပါတယ်။


နည်းပညာ
R5 မှာတော့ Gesture စနစ်ပိုင်း၊ ကင်မရာစနစ်ပိုင်းနဲ့ ဖုန်းရဲ့ပူနွေးမှုကို ထိန်းချုပ်ပေးမယ့် နည်းပညာ ပိုင်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Gesture စနစ်ပိုင်းမှာတော့ Screen ကိုလက်နဲ့ နှစ်ချက်ပုတ်ချိန်မှာ Screen ဖွင့်ပေးနိုင်ပြီး Screen ပိတ်ထားတဲ့ အခြေအနေမှာ သတ်မှတ်ပေးထားတဲ့ သင်္ကေတတွေကို Screen ပေါ်မှာ ရေးဆွဲပြီး ဖုန်းစနစ်တွေထဲကို အလွယ်တကူ ဝင်ရောက် အသုံးပြုနိုင်တဲ့ Screen Off  Gesture စနစ်၊ ကိုယ်တိုင် စိတ်ကြိုက် သင်္ကေတတွေနဲ့ မှတ်သားပြီး  Screen ပေါ်မှာ Shortcut စနစ် အနေနဲ့ အလွယ်တကူ အသုံးပြုနိုင်တဲ့ Custom Gesture စနစ်၊ ဖုန်းဝင်လာချိန်မှာ ဖုန်းကိုင်တဲ့ ခလုတ်ကို နှိပ်ဖို့မလိုပဲ  ဖုန်းကိုနားမှာ ကပ်လိုက်ရုံနဲ့ ဖုန်းပြောနိုင်တဲ့ Easy Answer Gesture စနစ်တွေအပြင် ဖုန်းရဲ့ ရှေ့ဘက်မြင်ကွင်း Touch Screen ကိုလက်နဲ့ ထိဖို့မလိုပဲ လက်ကို ဖုန်းရဲ့ရှေ့ကနေ ဖြတ်သန်းရုံနဲ့ ခိုင်းစေချက်တွေကို ပြုလုပ်နိုင်မယ့် Air Gesture စနစ်လည်း ဒီဖုန်းမှာ တိုးမြှင့်ပါဝင် လာပါတယ်။

ကင်မရာအသုံးပြု စနစ်တွေမှာတော့ RAW စနစ်၊ သေးငယ်တဲ့ အရာဝတ္ထု ပစ္စည်းတွေကို အနီးကပ်ပြီး ကောင်းကောင်း ဓာတ်ပုံရိုက်နိုင်တဲ့ Super Micro စနစ်၊ ဓာတ်ပုံရိုက်တဲ့ အခါမှာ ဓာတ်ပုံတစ်ပုံကို မရိုက်ခင် Focus လုပ်ခြင်းနဲ့ ရိုက်ပြီးမှ ဓာတ်ပုံပေါ်မှာ ကိုယ်လိုချင်တဲ့ နေရာကို  Focus ပြန်လည် ပြုလုပ်နိုင်ခြင်းစတဲ့ စနစ်နှစ်မျိုးစလုံးကို ကောင်းကောင်း အသုံးပြုနိုင်တဲ့ After  Focus စနစ်၊ ဓာတ်ပုံ ကင်မရာတွေမှာ အသုံးပြုတဲ့ Manual စနစ်ဖြစ်တဲ့ Shuter Speed, ISO, Exposure Compensation အစရှိတဲ့ စနစ်သုံးမျိုးနဲ့ White Balance စနစ်တွေကို ကိုယ့်စိတ်ကြိုက် ချိန်ညှိအသုံးပြု နိုင်မှာဖြစ်တဲ့ Expert Mode အစရှိတဲ့ စနစ်တွေ ပါဝင်လာပါတယ်။ ဒါ့အပြင် ဓာတ်ပုံကို အရိပ်တွေ ထွက်နေတဲ့ ပုံစံမျိုးနှစ်ကိုယ်ခွဲ ပုံစံမျိုး ရိုက်နိုင်မယ့် Double Exposure, အလင်းအားနည်းတဲ့ နေရာတွေမှာ ဓာတ်ပုံ ရိုက်တဲ့အခါ Flash ကိုသုံးဖို့ မလိုပဲ ကင်မရာကနေ အလင်းနှုန်းကို ကောင်းစွာ သိရှိနိုင်တဲ့ Colorful Night, မှောင်တဲ့ နေရာတွေမှာ ဓာတ်ပုံရိုက်တဲ့အခါ DSLR ကင်မရာတွေမှာ ပါဝင်တဲ့ Long Exposure လိုပုံစံမျိုး ကင်မရာရဲ့ Sutter  ကိုစက္ကန့် အချိန်အပိုင်း အခြားနဲ့ ဖွင့်ထားပြီး အလင်းနှုန်းကို ရယူနိုင်တဲ့ Slow Shutter စနစ်တွေကလည်း အသုံးပြုသူတွေ ထိတွေ့ရမယ့် နည်းပညာတွေ ဖြစ်ပါတယ်။

ဖုန်း Screen ကိုဖွင့်ဖို့ မလိုဘဲ Screen ပိတ်လျက် အတိုင်းနဲ့ပဲ ဓာတ်ပုံရိုက်နိုင်တဲ့အပြင် သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာတွေကို လုပ်နေချိန်မှာလည်း ကင်မရာကို ဖွင့်ဖို့မလိုဘဲ ဖုန်းရဲ့ အသံအတိုးအကျယ် Volume ခလုတ်နဲ့ ဓာတ်ပုံရိုက် နိုင်ပါတယ်။ ဖုန်းဟာ ပါးလွှာလွန်းနေပြီး စတီးလ်ကိုယ်ထည် ဖြစ်နေတဲ့အတွက် ဖုန်းရဲ့ လုပ်ဆောင်ချက်တွေ များပြားလာချိန်မှာ ဖုန်းပူလာနိုင်တဲ့ အခြေအနေကို တားဆီးနိုင်ဖို့အတွက်လည်း အကောင်းဆုံး လေဝင်လေထွက် စနစ်နဲ့ အအေးခံ စနစ်တွေကို ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။


အသေးစိတ် ဖော်ပြချက်
Quad-core 1.5 GHz Cortex-A53 & quad-core 1.0 GHz  CPU ဖြစ်ခြင်းကြောင့် ဖုန်းအသုံးပြုရာမှာ မြန်ဆန်တဲ့ တုန့်ပြန်လုပ်ဆောင် ချက်တွေကို ရရှိနိုင်ပြီး ဂရပ်ဖစ် အတွက်လည်း Adreno 405 GPU စနစ် ပါဝင်ပါတယ်။ Chipset ကတော့ Qualcomm MSM8939 Snapdragon 615 Chipset အမျိုးအစား ဖြစ်ပြီး OS ကတော့ Android OS ကို ကိုယ်ပိုင်ဟန် တစ်ခုအနေနဲ့ပြုပြင် ရေးဆွဲထားတဲ့ Color OS 2.0.1i ပါ။ Android OS အနေနဲ့ ဆိုရင်တော့ Android Version 4.4.4 အမျိုးအစား ဖြစ်ပါတယ်။ Internal Memory 16GB ပါဝင်ပြီး 2GB RAM ဖြစ်တာကြောင့် မှတ်ဉာဏ်စနစ်ပိုင်းမှာ  မြင့်မားပေမယ့် Micros SD Card Slot မပါဝင်တဲ့ အတွက် မှတ်ဉာဏ်ထပ်မတိုး နိုင်ပါဘူး။ ဖုန်းမှာပါဝင်တဲ့ မှတ်ဉာဏ်ကိုပဲ အသုံးပြုရမှာပါ။

ကင်မရာကတော့ 13Mega Pixel ရှိတဲ့ ကင်မရာ ဖြစ်တာကြောင့် ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရရှိနိုင်ပြီး ရှေ့ကင်မရာကလည်း 5 Mega Pixel ကင်မရာပါ။ Bluetooth 4.0 ဖြစ်ပြီး USB 2.0 စနစ်ပါဝင်ပါတယ်။ AMOLED Screen ဖြစ်ခြင်းကြောင့် ကောင်းမွန်တဲ့ Screen အမျိုးအစား တစ်ခုဖြစ်ပြီး 1080x1920 Pixel Resolution နဲ့ 423ppi Pixel Density ရှိတာကြောင့် ကြည်လင်တဲ့ ရုပ်ထွက်မြင်ကွင်းကို ခံစားနိုင်ပါတယ်။ Screen အရွယ်အစားကတော့ 5.2 လက်မရှိပါတယ်။


သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်ရင်တော့ R5 ဟာ ဖုန်းတွင်း အသုံးပြု Gesture စနစ်ပိုင်းတွေ၊ CPU, GPU, Chipset အစရှိတဲ့ Hardware စနစ်တွေမှာ ကောင်းမွန်တဲ့ ဖုန်းဖြစ်ပါတယ်။ ကင်မရာ ပိုင်းမှာလည်း စုံလင်တဲ့ ကင်မရာစနစ်နဲ့ ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ဖန်တီးပေးနိုင်တာ တွေ့ရပါတယ်။ ဖုန်းဟာ ပါးလွှာပေမယ့် စတီးလ်ကိုယ်ထည် ဖြစ်တဲ့အတွက် ကြံ့ခိုင်မှု ကောင်းမွန်ပါတယ်။ ဒါပေမယ့် အလေးချိန် ကတော့ အတန်အသင့် များပါတယ်။ ဖုန်းမှတ်ဥာဏ်မှာ 16GB ပါဝင်ပေမယ့် 10GB ကျော်ကျော်ကိုပဲ အသုံးပြုနိုင်မှာဖြစ်ပြီး Memory Card အသုံးမပြုနိုင်တာကြောင့် Data အချက်အလက် အများအပြား သိမ်းဆည်း သယ်ဆောင်မယ်ဆိုရင် အနည်းငယ် ခက်ခဲနိုင်ပါတယ်။ ဖုန်းရဲ့ ဈေးနှုန်းဟာ ၄၉၉,၀၀၀ ကျပ် ဝန်းကျင်ဖြစ်ပြီး ဖုန်းရဲ့နည်းပညာပိုင်း၊ အသုံးပြုနိုင်မှု စွမ်းဆောင်ရည်၊ ဖုန်းမှာပါဝင်ဖွဲ့ စည်းထားတဲ့ Hardware စနစ်တွေကတော့ ဈေးနှုန်းနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင်မျှတ သင့်လျော်တဲ့ အခြေအနေမှာ ရှိပါတယ်။

OPPO Counter
Ph ;  09- 430 46299
Price ; 499,000 Ks

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com