1/01/2015

♪ Micromax က Cyanogen OS 11 ထည့်သွင်းထားသော Yureka ကို အိန္ဒိယတွင် ရောင်းချ ♫

2

Micromax က Cyanogen နှင့် ပူးပေါင်းပြီး ထုတ်လုပ်နေသော Yu Series စမတ်ဖုန်းများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် Yureka စမတ်ဖုန်းကို ရောင်းချပေးလိုက်ပါသည်။ Amazon India မှ ဒေါ်လာ ၁၄၂ ဖြင့် ရောင်းချမည် ဖြစ်သည်။

Yureka တွင် ၅.၅ လက်မ 1280×720 Display ကို Gorilla Glass 3 ဖြင့် ကာကွယ်ထားပါသည်။ 1.5GHz Octa-Core CPU တပ်ဆင်ထားသော 64-bit Qualcomm Snapdragon 615 SoC , 2GB RAM, 32GB Internal Storage , MicroSD Card Slot ပါရှိပါသည်။ အနောက်ဘက်တွင် 13MP နှင့် မျက်နှာချင်းဆိုင်တွင် 5MP Camera တပ်ဆင်ထားပါသည်။ 4G LTE , Dual-SIM ကို အသုံးပြုနိုင်ပါသည်။ 2500mAh Battery နှင့် Cyanogen OS 11 ကို ထည့်သွင်းထားပါသည်။

Yureka တွင် ထည့်သွင်းထားသော Specification များသည် ပေးရသည့် ဈေးနှုန်းနှင့် တန်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com