1/01/2015

♪ MacBook Air ပုံစံတူ ထုတ်လုပ်မည်ဆိုသည့် သတင်းမှာ မမှန်ကန်ကြောင်း Xiaomi ငြင်းဆို ♫


MacBook Air နှင့်ဆင်တူသော laptop ထုတ်လုပ်သွားမည်ဟု မီဒီယာများ၏ ဖော်ပြချက်မှာ မမှန် ကန်ကြောင်းတရုတ်နည်းပညာကုမ္ပဏီ Xiaomi မှ ဆက်သွယ်ရေး မန်နေဂျာ ကေလီဟောင် က ပြောကြားသွားခဲ့သည်။

ပြီးခဲ့သည့် ရက်အနည်းငယ်ခန့်က ဝက်ဘ်ဆိုက်များတွင် MacBook နှင့်ဆင်တူသည့် Xiaomi Laptop ဓာတ်ပုံများ ထွက်ပေါ်လာသောကြောင့် ကုမ္ပဏီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ Xiaomi Laptop ဓာတ်ပုံများသည် Google image search ပေါ်တွင် ရက်စွဲမပါသော ဓာတ်ပုံအတုများသာဖြစ်ပြီး ပုံအောက်ခြေတွင် Kakai5 ဟူသော အမည်ကို ထည့်သွင်းထားသည်။ ထို့အပြင် Xiaomi laptop ဟူသော ဓာတ်ပုံအတုတွင် ကုမ္ပဏီ၏ အဝါရောင် အမှတ်တံဆိပ်ကိုလည်း ထည့်သွင်းခဲ့သည်။

Xiaomi မှ MacBook နှင့် ဆင်တူသော laptop ကို ထုတ်လုပ်မည့် သတင်းသည် GizmoChina ဝက်ဘ်ဆိုက်တွင် ဦးစွာ ဖော်ပြထားသည်။ ထို့နောက် နာမည်ကျော်ဆိုက်များဖြစ်သော 9to5Mac နှင့် BusinessInsider တို့က သတင်းအား ပြန်လည် သုံးသပ်ခြင်းမရှိဘဲ ဖော်ပြခဲ့ကြသည်။

အဆိုပါ Xiaomi သတင်းများသည် ကုမ္ပဏီမှ ဥက္ကဋ္ဌဖြစ်သူ လင်ဘင်းက မကြာမီထုတ်ကုန်သစ် မိတ်ဆက် သွားမည် ဖြစ်ကြောင်း ပြောကြားပြီးနောက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

Ref: TechInAsia

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com