1/20/2015

ဖုန်းကို lock ချပြီး မကြာခန မေ့တတ်သူများအတွက် ဆောင်ထားရန် ဆော့ဝဲ-SMS Bypass v1.3.apk


SMS Bypass v1.3.apk

 မင်္ဂလာပါ
ဒီပိုစ့်လေးကို အားလုံးအတွက် တင်ပေးချင်နေတာ
ကြာပါပြီ မတင်ပေးဖြစ်ဘူး ဟိုတစ်နေ့ကလည်း
ဘော်ဒါတစ်ယောက်ရဲ့ တက်ဘဘက် Lock ဖြေမရတော့လို့ဆိုပြီး
အလောတကြီးရောက်လာပြန်တယ်၊ ဒီနေ့သတိရတာနဲ့
အားလုံးလည်း အဆင်ပြေသွားအောင် တင်ပေးလိုက်ပါတယ်။

ဒီဆော့ဝဲလေးက အရမ်းနာမည်ကြီးတဲ့ ဆော့ဝဲလေးပါ
မိမိဖုန်းမှာ Lock Screen ချပြီး မကြာခန မေ့တတ်တဲ့
သူတွေအတွက် အထူး ဆောင်ထားသင့်တဲ့ ဆော့ဝဲကောင်းလေးပါ။
ဒီကောင်လေးက မိမိဖုန်းမှာ Lock ချထားတာလေး မေ့နေတဲ့အခါ
Lock Password လေးကို ဖျက်ပစ်ပေးတဲ့ဟာလေးပါ။

သိတယ်မလား Lock လေးဖွင့်မရတော့ နောက်ဆုံး Factory reset ချလိုက်ရတဲ့အထိပါပဲ
Factory reset လည်းချလိုက်ရော့ မိမိရှိတဲ့ data အားလုံးဆုံးရှုံးလိုက်ရတာပါပဲ
အခုကျနော် တင်ပေးလိုက်တဲ့ SMS Bypass လေးကတော့
 Gmail account လည်းဝင်ထားစရာမလိုပါဘူးခင်ဗျာ...။
ဒါပေမယ့် ဒီဆော့ဝဲလေးအတွက် မိမိဖုန်းဟာ Root Access ရှိထားပြီးသား
ဖုန်းတစ်လုံးဖြစ်နေရပါမယ်။

Using Guide
========
၁။ အသုံးပြု နည်းကတော့ ဒေါင်းလော့ရလာတဲ့ Apk လေးကို
ဖုန်းမှာ အင်စတောလုပ်လိုက်ပါ၊ ပီးရင် service ကို On ပေးပါ။
 
၂။ Change preset keyword ကိုနှိပ်ပါ Old secret code မှာ 
ပထမဦးဆုံးအကြိမ်စသုံးတဲ့ users အတွက်ကတော့
ဘာမှဖြည့်စရာမလိုပါဘူးတဲ့ ဒါမှမဟုတ် လည်းမိမိကြိုက်နှစ်ရာ
 ဂဏန်း ၄ လုံးဖြည့်လိုက်ပါ New Sercret code နဲ့ Confirm new secret code
မှာတော့ မိမိ အသုံးပြုချင်တဲ့ Code ၄ လုံးကို ထည့်ပေးလိုက်ပါ...။

၃။ လွယ်ပါတယ် ဥပမာ မိမိမှတ်မိလွယ်မယ့် ဂဏန်းအက္ခရာ လေးလုံး 1234 
စသည်ဖြင့် ရိုက်ထည့်ပေးလိုက်ပြီး အားလုံးပြီးရင်တော့ Save ကိုနှိပ်လိုက်ပါ။

၎။ အပေါ်က လုပ်ဆောင်ချက်တွေ ပြီးသွားရင်တော့ အခြားဖုန်းတလုံးကနေ
စောနားက မိမိ SMS Bypass ဆော့ဝဲနဲ့ ပြု လုပ်ထားတဲ့ 
ဖုန်းကို Message တစ်ခုလောက်ပို့ကြည့်လိုက်ပါ။

၅။ Message ထဲမှာဘာထည့်ရိုက်ပေးရမလဲဆိုတော့ခုနကကိုယ်ထည့်ထားတဲ့ 
Code ကို မှန်အောင်ရိုက်ပါ ဥပမာ ” 1234 reset ” ဆိုပြီး ထည့်ရိုက်ပြီး
 Message ပို့လိုက်ပါ။ အာ့ဆို Lock ချမိနေတဲ့ဖုန်းလေး Reboot  ကျသွားပါလိမ့်မယ်
 ပြန်တတ်လာရင်တော့ အဲဒီဖုန်းလေးဟာ သူ့အလိုလို Lock ကျနေလည်း
ပြေပြီး ပုံမှန်ဖုန်းတစ်လုံးအတိုင်း Data တွေလည်းမပျက်စီးပဲ ပိုင်ဆိုင်မှာဖြစ်ပါတယ်။

အသုံးလိုတဲ့ ဘော်ဒါတွေကတော့ စမ်းသပ်အသုံးပြု နိုင်ကြပါပြီ
အဆင်ပြေမှု မပြေမှုကတော့ ကျနော်နဲ့မဆိုင်ပါ D: 

Size 685 KB ပဲရှိပါတယ်။ Android Version 2.3 အထက်
ဖုန်းအားလုံးမှာ အသုံးပြု နိုင်ပါတယ်။


Android 2.2
Download Here

OR

Download Here

OR

Download Here
      
အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 







**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download