1/15/2015

♪ LG G4 တွင် Samsung Galaxy Note 4 ကို ယှဉ်ပြိုင်မည့် ကညစ်တံ ပါရှိမည် ♫

1

အာရှမှ သတင်းတစ်ရပ်အရ LG ၏ စွမ်းဆောင်ရည်မြင့် G4 စမတ်ဖုန်းတွင် Samsung Galaxy Note 4 ကို ယှဉ်ပြိုင်ရန် ကညစ်တံ ထည့်သွင်းပေးမည်ဟု သိရပါသည်။

LG G4 တွင် ၅.၃ လက်မ QHD Display တပ်ဆင်ထားမည် ဖြစ်ပြီး Display ၏ ဘေးဘောင်များကို အလွန်သေးငယ်စေရန် ပြုလုပ်ထားမည် ဖြစ်သည်။ အတွင်းပိုင်းတွင် Snapdragon 810 Chipset , 4GB RAM, 32/64GB Storage များတပ်ဆင်ထားမည်ဟု ခန့်မှန်းရပါသည်။

LG သည် ယခုလ အစောပိုင်းတွင် LG G Pen ကို မူပိုင်ခွင့်အတွက် မှတ်ပုံတင်ထားပါသည်။ LG သည် အောင်မြင်နေသော Samsung S Pen ကို ယှဉ်ပြိုင်ရန် ကြိုးစားနေခြင်း ဖြစ်နိုင်ပါသည်။ G Pen ကို ဆော့ဝဲများစွာနှင့် တွဲဖက် အသုံးပြုနိုင်မည် ဖြစ်သည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com