1/19/2015

♪ LG က ကွေးညွှတ်နိုင်သော G Flex 2 စမတ်ဖုန်းကို ပြသ ♫

http://i-cdn.phonearena.com/images/articles/102045-image/LG-G-Flex---up-close.jpg

LG က ကွေးညွှတ်နိုင်သော G Flex စမတ်ဖုန်း၏ မျိုးဆက်သစ် G Flex 2 စမတ်ဖုန်းကို CES တွင်ပြသ လိုက်ပါသည်။ မျိုးဆက်သစ်သည် ယခင်မျိုးဆက်ထက် အရွယ်ကျစ်လစ်ပြီး စွမ်းဆောင်ရည်ပိုကောင်း လာပါသည်။ ထို့အပြင် ပိုမိုကွေးညွှတ်နိုင်လာသည့်အပြင် အနောက်ဘက်အခွံသည် ခြစ်ရာများကို ပိုမို လျှင်မြန်စွာ ပျောက်ကင်းစေရန် အလိုအလျှောက် ပြုလုပ်နိုင်ပါသည်။

G Flex 2 တွင် ယခင်မျိုးဆက်၏ 720p မျက်နှာပြင်ထက် ပိုမိုကောင်းသော 1080p P-OLED မျက်နှာပြင်ကို အဆင့်မြှင့်ထားပါသည်။ မျက်နှာပြင်ကိုမူ ခြောက်လက်မမှ ၅.၅ လက်မသို့ လျှော့ချထားပါသည်။ မျက်နှာပြင် ကို Gorilla Glass 3 ထက် ၂၀ ရာခိုင်နှုန်း ပိုမိုမာကျောသော LG တီထွင်ထားသည့် အလွှာတစ်ထပ်ဖြင့် ကာကွယ်ထားပါသည်။ အနောက်ဘက်အခွံသည် ခြစ်ရာများကို ပိုမိုလျှင်မြန်စွာ အလိုအလျှောက် ကုစားနိုင်ပြီး ကုစားချိန်မှာ သုံးမိနစ်မှ တစ်ဆယ်စက္ကန့် အထိ လျော့နည်းလာပါသည်။

LG G Flex 2 သည် Snapdragon 810 ကို စားသုံးသူလက်ထဲသို့ အရောက်ပို့ပေးမည့် ပထမဆုံး စမတ်ဖုန်း ဖြစ်ပါသည်။ Android 5.0 Lollipop မောင်းနှင်လည်ပတ်မည် ဖြစ်ပြီး 2GB RAM, 16GB or 32GB အပြင် microSD Card အသုံးပြုနိုင်ပါသည်။

http://culturemob.com/wp-content/uploads/GFlex-1607.jpg

ကင်မရာသည် OIS + , Laser Auto Foucs တို့ အပါအ၀င် LG G3 ထက် အဆင့်မြင့်လာပါသည်။ အနောက်ဘက်တွင် 13MP Camera နှင့် LED Flash နှစ်လုံး တပ်ဆင်ထားပြီး မျက်နှာချင်းဆိုင်တွင် 2.1MP Camera ပါရှိပါသည်။ ၁.၅ မီတာ အကွာအဝေးမှ လက်လှုပ်ရှားမှုဖြင့် Selfie ဓါတ်ပုံများရိုက်ကူးနိုင်သည့် Gesture Shot ပါရှိပါသည်။ ရိုက်ကူးပြီးသည်နှင့် Gesture View ကို အသုံးပြု၍ လက်လှုပ်ရှားမှုဖြင့် ဓါတ်ပုံများကို အဝေးမှ ကြည့်နိုင်ပါသည်။

ဆက်သွယ်မှုအပိုင်းတွင် 4G LTE ကို အသုံးပြုလျှင် 300Mbps ဒေါင်းလုပ် အမြန်နှုန်းနှင့် 3G ကို အသုံးပြုလျှင် 42Mbps အမြန်နှုန်း ရရှိမည် ဖြစ်သည်။ Wi-Fi a/b/g/n/ac နှင့် Bluetooth 4.1 with Apt-X handle wireless connectivity ပါရှိပါသည်။ microUSB 2.0 Port နှင့် 3000mAh Battery ကို လျှင်မြန်စွာ အားသွင်းပေးနိုင်သော FastCharge ပါရှိပါသည်။

LG G Flex 2 ကို ပလက်တီနမ်ငွေ ၊ အနီရောင်များဖြင့် တောင်ကိုရီးယားတွင် ယခုလကုန် ၌ ရောင်းချပေး မည် ဖြစ်ပြီး အခြားနိုင်ငံများတွင် နောက်ပိုင်း ၌ ရောင်းချပေးမည် ဖြစ်သည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com