1/08/2015

♪ ကမ္ဘာ့အသေးဆုံး laptop charger (သို့မဟုတ်) Finsix Dart ♫


အလေးချိန် ၆၀ ဂရမ်သာရှိသည့် ကမ္ဘာ့အသေးဆုံး laptop charger ဖြစ်သည့် Dart ကို Finsix က မိတ်ဆက်ပေးခဲ့သည်။ လက်ရှိတွင် ကြိုတင်မှာယူမှု ပြုလုပ်နိုင်ပြီဖြစ်သည့် Dart laptop charger ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၉ ဖြစ်သည်။

Dart သည် စွမ်းအင် ၆၅ ဝပ်ကို ထောက်ပံ့ပေးနိုင်ပြီး ဗို့အား 18V နှင့် 21V အကြားရှိသည့် laptop များနှင့် အသုံးပြုနိုင်သည်။ ၎င်းနှင့်အတူ မတူညီသည့် DC connector ၉ ခု ပါဝင်သော်လည်း Apple MacBook များနှင့် Microsoft Surface တို့ဖြင့် အသုံးပြုနိုင်ခြင်း မရှိပေ။

အသုံးပြုပုံမှာလည်း ရိုးရှင်းပြီး သင့်တော်မည့် DC connector ကို Dart တွင် တပ်ဆင်ရုံဖြင့် အသုံးပြုနိုင် သည်။ ထို့အပြင် 2.1 Amp USB charging port ကို ထောက်ပံ့ပေးထားသောကြောင့် laptop ကို အားသွင်းစဉ်အတွင်း အခြားသော ထုတ်ကုန်များကိုလည်း အားသွင်းနိုင်သည်။

Finsix Dart ကို ယခုနှစ် မေလတွင် အမေရိကန်နှင့် ကနေဒါတို့၌ စတင်ထုတ်လုပ် ရောင်းချမည်ဖြစ်သည်။

Ref: CNET

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com