1/16/2015

♪ iPhone 6 ကို အာကာသမှ ပစ်ချ၍ စမ်းသပ် ♫

uag

စမတ်ဖုန်းတွေအတွက် အကြမ်းခံ Case များကို ထုတ်လုပ်ရောင်းချနေတဲ့ Urban Armor Gear ကုမ္ပဏီက သူ့ရဲ့ iPhone Case ဟာ ဘယ်လောက်အကြမ်းခံတယ်ဆိုတာ ပြသဖို့အတွက် စမ်းသပ်မှုတစ်ခု ကို ပြုလုပ်ပြလိုက်ပါတယ်။ iPhone 6 ကို အကြမ်းခံတဲ့ Case တပ်ဆင်ပြီး အာကာသကနေ ကမ္ဘာ့မြေပြင်ပေါ်သို့ ပစ်ချပြလိုက်တာဖြစ်ပါတယ်။

iDevice တွေကို လေယာဉ်ပျံပေါ်က ပစ်ချပြခဲ့တာကို တွေ့မြင်ခဲ့ဖူးပေမယ့် အာကာသကနေ ပစ်ချတာကတော့ ထူးခြားတယ်လို့ ဆိုရမှာပါ။ Urban Armor Gear က ငွေရောင် iPhone 6 မှာ အကြမ်းခံ Case တပ်ဆင်ပြီး မိုးပျံပူဘောလုံးကနေ တစ်ဆင့် အင်္ဂလန်ကနေ အာကာသထဲ လွှတ်တင်လိုက်တာပါ။ ဒါ့အပြင် ဗီဒိယိုမှတ်တမ်းတင်ဖို့ GoPro Camera နှစ်လုံး၊ တည်နေရာကို သိရှိဖို့အတွက် GPS နဲ့ ဖုန်းအပိုတစ်ခုပါ တပ်ဆင်ပေးလိုက်ပါတယ်။ မိုးပျံဘောလုံးက ဖုန်းကို အမြင့်ပေ တစ်သိန်းအထိ သယ်ဆောင်သွားပြီးမှ လွှတ်ချခဲ့တာ ဖြစ်ပါတယ်။

ဖုန်းဟာ လေထုနဲ့ ပွတ်တိုက်မှုကြောင့် ပေါ်ထွက်လာတဲ့ ၇၉ ဒီဂရီ အပူချိန်ကို ခံစားခဲ့ရပြီး အပူချိန်ကြောင့် ဘက်ထရီထဲရှိ အားများ ကုန်သွားခဲ့ပါတယ်။ ဖုန်းဟာ တစ်နာရီလျှင် မိုင် ခုနစ်ဆယ်နှုန်းနဲ့ တိုက်ခတ်နေတဲ့ လေအရှိန်ကိုလည်း ခံခဲ့ရပါတယ်။ မြေပြင်ပေါ်ကို ပြင်းထန်စွာ ကျရောက်ခဲ့ပြီး အခြား အရာများ ပျက်ဆီးသွားပေမယ့် ဖုန်ုးကတော့ အားသွင်းပြီးတဲ့အခါမှာ ဖန်ရှင်စုံလင်စွာ အသုံးပြုနိုင်တာ ကို တွေ့ရပါတယ်။ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုကို ဒီမှာ လေ့လာနိုင်ပါတယ်။


Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com