1/14/2015

♪ Hyundai ကားများကို Android Wear စမတ်နာရီဖြင့် ထိန်းချုပ်နိုင်ပြီ ♫

2

Hyundai က Blue Link App ကို Android Wear အတွက် ဖြန့်ချီလိုက်ကြောင်း ကြေညာပါသည်။ ထို့အတွက် Hyundai ကားများကို Android Wear Watch များမှ ထိန်းချုပ်နိုင်မည် ဖြစ်သည်။ ကားအင်ဂျင်ကို နှိုးခြင်း၊ ပိတ်ခြင်း၊ ကားတံခါးကို ပိတ်ခြင်း၊ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မည် ဖြစ်သည်။

ကား၏ မီးသီးများကို ထိန်းချုပ်နိုင်ပြီး Horn ကို အသံမြည်စေနိုင်ပါသည်။ ကားနှင့် ဖုန်း၏ တည်နေရာကို ရှာဖွေခြင်းများကိုလည်း ပြုလုပ်နိုင်ပါသည်။ စမတ်နာရီတွင် အင်တာနက် ဆက်သွယ်မှု ရှိလျှင် အဝေးတစ်နေ ရာမှပင် မော်တော်ကားကို ထိန်းချုပ်နိုင်ပါသည်။ ထို့အပြင် App ကို အသံဖြင့် ခိုင်းစေနိုင်ပါသည်။ ဥပမာ အားဖြင့် စမတ်နာရီမှ App ကို “ start my car” ဟု အမိန့်ပေးလျှင် ကားစက်နှိုးပေးမည် ဖြစ်သည်။

Blue Link App အသစ်ကို ASUS ZenWatch, LG G Watch, LG G Watch R, Moto 360, Samsung Gear Live , Sony SmartWatch 3 တို့ အပါအ၀င် Android Wear Watch တိုင်းတွင် အသုံးပြုနိုင်ပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com