Facebook က သူ့ရဲ့ လူမှုကွန်ရက်ထဲမှာတင်မဟုတ်ဘဲ အင်တာနက် တစ်ခုလုံးမှာ သူ့ရဲ့ ကြော်ညာများကို ပြသတော့မှာ ဖြစ်ပါတယ်။ ဒါဟာ Google အတွက်တော့ ခြိမ်းခြောက်မှုဖြစ်ပါတယ်။ Facebook က အခြား Mobile Apps များ ၊ ၀က်ဆိုက်များမှာ ကြော်ညာများ ပြသမယ့် Audience Network ကို ဖန်တီးထားပါတယ်။

ယခင်ကမူ အဲဒီ ကွန်ရက်ဟာ လူမှုကွန်ရက်ပြင်ပမှာ Facebook User များကိုသာ ကြော်ညာများ ပြသပေးရန် ရည်ရွယ်ထားပါတယ်။ ယခု ကြေညာချက်ကို Facebook ရဲ့ ကြော်ညာနဲ့ စီးပွားရေး ပလက်ဖောင်းမှ ဒုတိယ ဥက္ကဌဖြစ်သူ Andrew Bosworth က အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။

Facebook ရဲ့ Audience Network ကြောင့် ယခုထက်ပိုမိုများပြားစွာ ကြော်ညာများ လက်ခံရရှိမယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။ လူမှုကွန်ရက်ပြင်ပမှာ Facebook ကြော်ညာများကို မမြင်ချင်သူများအတွက်လည်း ရွေးချယ်စရာကို ပံ့ပိုးပေးထားပါတယ်။