2/09/2016

♪ Facebook က Page Admin များအတွက် ဘာသာစကားများစွာဖြင့် ပို့စ်တင်နိုင်ရန် ပြုလုပ်ပေး ♫


Facebook က Page Amin များအတွက် ဘာသာစကားများစွာဖြင့် ပို့စ်တင်နိုင်ရန် ပြုလုပ်ပေးလိုက်ပါသည်။ အဆိုပါ စွမ်းဆောင်ချက်ကို Default အားဖြင့် Disable လုပ်ထားခြင်းဖြစ်ပြီး Facebook Page ရှိ General Settings ထဲတွင် သွားရောက် Enable လုပ်ရမည်ဖြစ်သည်။ “ Similar Page Suggestions “ နှင့် “ Comment Ranking” အကြားရှိ “ Post in Multiple Languages “ ရှိ Check Box တွင် အမှန်ခြစ်ပေး၍ Save Changes ကို နှိပ်ရမည်ဖြစ်သည်။ 

Enable လုပ်ပြီးသည်နှင့် ပို့စ်တင်သည့်အချိန်တွင် နှစ်သက်သလောက် ဘာသာစကားများကို ထည့်သွင်းနိုင်ပါသည်။ Default ဘာသာစကားကိုလည်း ရွေးချယ်နိုင်ပါသည်။ Publish ကို နှိပ်လျှင် ပို့စ်ကို Default ဘာသာစကားဖြင့် ပြသပေးမည်ဖြစ်ပြီး ကြည့်ရှုသူများက အခြား ဘာသာစကားကို ပြောင်းလဲ ဖတ်ရှုနိုင်မည်ဖြစ်သည်။

အဆိုပါ စွမ်းဆောင်ချက်သည် Page Admin များအတွက် အလွန် အသုံးဝင်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ အထူးသဖြင့် ဘာသာစကားတစ်ခုထက် ပို၍ အသုံးပြုသည့် နိုင်ငံများအတွက် အဆင်ပြေစေမည်ဖြစ်သည်။ Facebook က အဆိုပါ စွမ်းဆောင်ချက်ကို ကမ္ဘာအ၀န်းသို့ တစ်ဖြည်းဖြည်းချင်း ဖြန့်ချီပေးနေသည့်အတွက် Page Settings ထဲတွင် အဆိုပါ စွမ်းဆောင်ချက်ကို မတွေ့ရသူများက စောင့်ဆိုင်းရမည်ဖြစ်သည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com