
၂၀၁၅ နှစ်စပြီဆိုတာနဲ့
နိုင်ငံတကာမှာ အထင်ကရနည်းပညာပြပွဲကြီးဖြစ်သော CES ပွဲကို
ကျင်းပပြုလုပ်ခဲ့ပါ တယ်။ ကုမ္ပဏီများစွာရဲ့ ဆန်းသစ်သော နောက်ဆုံးပေါ်
နည်းပညာများ ပါရှိသည့် ခေတ်မီလူသုံးကုန် နည်းပညာပစ္စည်းများကို
ခင်းကျင်းပြသခဲ့ပါတယ်။ ထိုပွဲမှအချို့သောပစ္စည်း တွေဟာ မကြာမီမှာ ဈေးကွက်ထဲ
မှာရောင်းချပေးတော့ မှာဖြစ်ပါတယ်။
ဟန်းဆက်ဈေးကွက်နဲ့ ပတ်သက်၍လည်း နာမည်ကြီးလာသော Xiaomi မှ နောက်ထပ်မျိုးဆက်သစ်ဖုန်းကို ထုတ်လုပ်ပေးပါတော့မယ်။ ပြည်တွင်းဈေး ကွက်အတွက် နှစ်သစ်မှာ ဟန်းဆက်အမျိုးအစားအသစ် တင်သွင်းရောင်း ချပေးလာတဲ့ ကုမ္ပဏီကတော့ Samsung ဖြစ်ပါတယ်။ Samsung က A Series ဟန်းဆက်အသစ်များကို ရောင်းချပေးမှာဖြစ်ပါတယ်။ A3, A5, A7 ဟန်းဆက်သုံးလုံးဟာ မျက်နှာပြင် အကျယ်အ၀န်းကွာခြားချက်ကတော့ တစ်ခုနှင့်တစ်ခု 0.5 inches သာကွာဟပါတယ်။ စွမ်းရည်အနိမ့်ဆုံး A3 က 4.5inches ရှိပြီး၊ အမြင့်ဆုံး A7 ကတော့ 5.5 inches ရှိပါတယ်။
Samsung ဟာထို Galaxy A ဟန်းဆက်များကို ပြည်တွင်းမှာ မိတ်ဆက်ပွဲပြုလုပ်ခဲ့ပါတယ်။ အခြား အမှတ်တံဆိပ်တစ်ခုဖြစ်သော HTC ထဲတွင် ၂၀၁၄ ခုနှစ်၊ ၁၁လပိုင်းက ထုတ်လုပ်ထားသော Desire Eye ကို ပြည်တွင်းရှိ အချို့သောဆိုင်များတွင် ၀ယ်ယူနိုင်ပါပြီ။ Eye အတွက် ထောက်ပံ့ပေးထားသော network အမျိုးအစားကတော့ 2G, 3G, 4G ဖြစ်ပါတယ်။
မှန်ဘီလူးထည့်သွင်းပေးထားသော ပုံစံအသွင်အပြင် ထူးခြားသည့်ထိုဖုန်းဟာ အရွယ်အစားပမာဏအားဖြင့် 151.7x73.8x8.5mm ရှိပါတယ်။ အလေးချိန်ကတော့ 154 g ဖြစ်ပါတယ်။ Nano Sim ထည့်သွင်း အသုံးပြုရမယ့် ထိုဖုန်းဟာ IP X7 အသိအမှတ်ပြုထားတာကြောင့် ရေနှင့် ဖုန်ဒဏ်ကို အနက်တစ်မီတာတွင် မိနစ် ၃၀ နီးပါးခံနိုင်စွမ်းရှိပါမယ်။ capacitive touchscreen ရဲ့ အကျယ်အ၀န်းပမာဏကတော့ 5.2 inches ဖြစ်ပြီး၊ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော pixels ပမာဏ ကတော့ 1080x1920 ပါ။
တစ်လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်းဆကတော့ 424ppi ဖြစ်ပါတယ်။ Multitouch စနစ်တွင် HTC Sense UI 6.0 ကိုသုံးစွဲနိုင်မှာဖြစ်ကာ ဖုန်းမျက်နှာပြင်ဟာ အကြမ်းခံနိုင်စေဖို့အတွက်လည်း Gorilla Glass 3 ဖုံးအုပ်ပေးထား ပါသေးတယ်။ ဒီဖုန်းရဲ့ ကင်မရာပိုင်းဟာ ကောင်းမွန်သော အရည်အသွေးရှိ ပါတယ်။ အရှေ့အနောက် ကင်မရာနှစ်မျိုးစလုံးဟာ 13MP စွမ်းရည်ဖြစ်ပါတယ်။ RAM ပမာဏအတွက် 2GB ထောက်ပံ့ပေးထားပါတယ်။ Google Drive မှာလည်း 50GB သိမ်းဆည်းနိုင်မှာဖြစ်ပြီ်း၊ Quick Charge 2.0 ဖြစ်တာကြောင့် မိနစ် ၃၀ အားသွင်းရုံဖြင့် ၆၀ ရာခိုင်နှုန်း အားပြည့်စေပါမယ်။ ဘက်ထရီဟာ Li-Ion 2400mAh ဖြစ်တာကြောင့် စကားပြောဆိုဖို့ နာရီ 20 နီးပါးခံနိုင်စွမ်းရှိပါမယ်။
Credit : Mobile Guide Journal