1/07/2015

♪ ၅.၅ လက်မ Full HD 1080p Display တပ်ဆင်ထားသော Meizu m1 note ကို ကြေညာ ♫

m

တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ Meizu က m1 note စမတ်ဖုန်းကို ကြေညာလိုက်ပါသည်။

Meizu m1 note တွင် ၅.၅ လက်မ FULL HD 1080p Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၀၃ ဖြစ်ပါသည်။ 1.7GHz Cortex-A53 CPU တပ်ဆင်ထားသော 64-bit MT6752 Chipset, Mali-T760 GPU, 2GB RAM ထည့်သွင်းထားပါသည်။

Meizu m1 note တွင် 3140mAh Battery ပါရှိပါသည်။ အနောက်ဘက်တွင် Samsung ၏ 13MP Camera တပ်ဆင်ထားပြီး Full HD 1080p Video များရိုက်ကူးနိုင်ပါသည်။ မျက်နှာချင်းဆိုင်တွင် 5MP Camera တပ်ဆင်ထားပါသည်။

SIM Card နှစ်ခု အသုံးပြုနိုင်ပြီး SIM Card Slot များကို ဖုန်း၏ ဘေးဘက်တွင် တပ်ဆင်ပေးထားပါသည်။ အစိမ်း၊ ပန်း၊ အပြာ၊ အ၀ါ၊ အဖြူရောင်များ ရွေးချယ်နိုင်ပါသည်။

Meizu က 16GB Version ကို ဒေါ်လာ ၁၆၀ ဖြင့် သက်သာစွာ ရောင်းချပေးမည် ဖြစ်သော်လည်း ရောင်းချ မည့် အချိန်ကို ကြေညာခြင်း မရှိသေးပါ။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com