1/07/2015

♪ BLU က 4G LTE ကို ထောက်ပံ့သော တန်ဖိုးနည်း Studio စမတ်ဖုန်း သုံးလုံးကို ရောင်းချ ♫

b


BLU က 4G LTE ကို ထောက်ပံ့သော တန်ဖိုးနည်း စမတ်ဖုန်း သုံးလုံးကို ရောင်းချပေးလိုက်ပါသည်။ BLU Studio 6.0 LTE, Studio 5.0 HD LTE နှင့် Studio Mini LTE တို့ ဖြစ်ပြီး Amazon မှ ၂၇၉၊ ၁၉၉ ၊ ၁၁၉ ဒေါ်လာဖြင့် အသီးသီးရောင်းချပေးလိုက်ပါသည်။

BLU Studio 6.0 LTE သည် ဖုန်းသုံးလုံးထဲတွင် ဈေးအကြီးဆုံးဖြစ်ပြီး စွမ်းဆောင်ရည် အကောင်းဆုံး ဖြစ်ပါသည်။ 1.6GHz Quad-Core CPU တပ်ဆင်ထားသော Qualcomm 8928 Snapdragon 400 SoC , 2GB RAM, 16GB Storage , 13 MP Main Camera, 5 MP Front-Facing Camera , Android 4.4 KitKat တို့ ပါရှိပါသည်။

BLU Studio 5.0 HD LTE တွင် 1.2GHz Quad-Core CPU တပ်ဆင်ထားသော Qualcomm 8926 Snapdragon 400 SoC , 1GB RAM, 5” 720p Display, 8GB Storage, 13 MP Main Camera, 5 MP Front-Facing Camera, Android 4.4 KitKat , 2200mAh Battery တပ်ဆင်ထားပါသည်။

BLU Studio Mini LTE တွင် 1.2GHz Quad-Core CPU တပ်ဆင်ထားသော Qualcomm 8926 Snapdragon 400 Chipset , 1GB RAM, 4.5” 854×480 pixels Display, 5 MP Main Camera, 0.3 MP Front-Facing Camera , 4GB Storage, Android 4.2.2 Jelly Bean , 1850mAh Battery တို့ တပ်ဆင်ထားပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com