Facebook က သူ၏ လူမှုကွန်ရက်တွင် ဗီဒီယို ကဏ္ဍနှင့် ဗီဒီယို
စွမ်းရည်များကို မြှင့်တင်ရန် အတွက် ဗီဒီယို နည်းပညာများကို တီထွင်သည့်
QuickFire Networks ကုမ္ပဏီကို ၀ယ်ယူလိုက်ပါသည်။
ဗီဒီိယိုသည် Facebook တွင် မရှိမဖြစ်သည့် အတွေ့အကြုံဖြစ်သည်ဟု Facebook မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက အီးမေးမှ တစ်ဆင့် Mashable သို့ ပြောပါသည်။ “ Facebook အသုံးပြုသူ ၁.၃ ဘီလီယမ်ကျော် အတွက် အရည်အသွေးမြင့်မားတဲ့ ဗီဒီယို ၀န်ဆောင်မှုကို ဆက်လက်လုပ်ဆောင်မှာ ဖြစ်တဲ့ အတွက် QuickFire ကို ၀ယ်ယူလိုက်တာကို အလွန်စိတ်လှုပ်ရှားနေပါတယ်။ “ ဟု သူက အီးမေးတွင် ရေး သားထားပါသည်။
QuickFire ကို ၂၀၁၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ကုမ္ပဏီသည် ဗီဒီယို အရည်အသွေး မလျော့စေဘဲ အင်တာနက် Bandwidth အနည်းငယ်နှင့် ဗီဒီယိုများကို ကြည့်နိုင်သည့် နည်းပညာကို တီထွင် ခဲ့ခြင်း ဖြစ်ပါသည်။ ထို့အတွက် အင်တာနက် အမြန်နှုန်း နှေးသော နိုင်ငံများတွင် Facebook မှ ဗီဒီယိုများကို အထစ်အငေါ့မရှိ ကြည့်ရှုနိုင်တော့မည် ဖြစ်သည်။
ဝယ်ယူမှု၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် QuickFire မှ ၀န်ထမ်းဟောင်းအချို့က Facebook တွင် အလုပ်ဆက်လက် လုပ်ကိုင်ရမည် ဖြစ်သည်။ Facebook သည် သူ၏ ဗီဒီယို ၀န်ဆောင်မှုကို အရှိန်မြှင့်နေပြီး ယခုအခါ တစ်နေ့လျှင် ဗီဒီယို ကြည့်ရှုမှုပေါင်း တစ်ဘီလီယမ်ကျော် ရှိပြီဟု သိရပါသည်။
Facebook က ဗီဒီယို ၀န်ဆောင်မှု နယ်ပယ်တွင် နေရာယူထားသော YouTube ကို ယှဉ်ပြိုင်ရန် ကြိုးစားနေခြင်း ဖြစ်ပါသည်။ Twitter ကလည်း သူ၏ ကိုယ်ပိုင် ဗီဒီယို ထုတ်ကုန်တစ်ခုကို ထုတ်လုပ်မည်ဟု သတင်းများ ထွက်ပေါ်နေသည့်အတွက် အွန်လိုင်း ဗီဒီယိုဝန်ဆောင်မှု ဈေးကွက်သည်
Myanmar Digital Life Journal