1/02/2015

♪ မြန်မာနိုင်ငံ၌ Desktop ရောင်းအား ဆက်လက်ကျဆင်းနေ ♫

http://www.saintclassified.pk/uploads/intel-computer-tower-for-sale-at-a-cheap-price-celeron-for-more-desktop-d945gtp-sb-ram-ddr2-160-ad-209228.jpg

နိုင်ငံတကာဈေးကွက်၌ Desktop ရောင်းအားသည် Laptop ရောင်းအားထက် မြင့်တက်လာခဲ့သော် လည်း မြန်မာနိုင်ငံဈေးကွက် အနေဖြင့် Desktop ရောင်းအားသည် Laptop ရောင်းအားထက်ဆက်လက် ကျဆင်း နေသေးကြောင်း သိရသည်။

“အရင်နှစ်တွေက Laptop ရောင်းအားပဲရှိတယ်။ ဒီတစ်နှစ် အတွင်းမှာ PC (Desktop) ရောင်းအား က ပြန်ပြီးတော့ မြင့်တက်လာခဲ့တယ်။ ဟောင်ကောင်မှာ ဆိုရင်လည်း PC ရောင်းအား က မြင့်လာတယ်” ဟု Intel မှ တာဝန်ရှိသူ Ms. Chantana Suwannawong က ပြောသည်။

နိုင်ငံတကာဈေးကွက်၌ Laptop ရောင်းအားထက် Desktop ရောင်းအား မြင့်တက်လာခြင်းမှာ ဒေသတွင်း စီးပွားရေးလုပ်ငန်းများ၌ ကော်ပိုရေးရှင်းလုပ်ငန်းကြီးများ ပေါ်ပေါက်လာသည့်လက္ခဏာပင်ဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် Desktop ရောင်းအား ကျဆင်းနေခြင်းမှာ ကော်ပိုရေးရှင်း လုပ်ငန်းကြီးများ ဝင်ရောက်မှု နည်းပါးခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။

“ဒီမှာကတော့ အင်တာနေရှင်နယ်လို မဟုတ်ဘူး။ Laptop ရောင်းအားက Desktop ရောင်း အားထက် သာနေတုန်းပဲ။ သိတဲ့အတိုင်း မိသားစုအနေနဲ့ သုံးမယ်ဆိုရင်တောင် သယ်ဆောင် သွားလို့လည်းရတော့ Laptop ကိုပဲ ပိုအားထားကြတယ်။ ဒီမှာက ငွေကြေးလည်း သိပ်ပြီးမသုံးကြဘူး” ဟု Unique ကွန်ပျူတာ အရောင်းဆိုင်မှ ကိုကျော်ဆန်းဦးက ပြောသည်။

ပြည်တွင်းဈေးကွက်၌ Laptop နှင့် Desktop ကို ဈေးနှုန်းအရ နှိုင်းယှဉ်ကြည့်ပါက ဝယ်ယူသူများသည် Laptop ကိုသာ ရွေးချယ်ဝယ်ယူကြကြောင်း၊ Desktop ရောင်းအားထက် Laptop ရောင်းအား ပိုမိုကောင်း မွန်ခဲ့သည်မှာ လေးနှစ်နှင့်အထက် ရှိခဲ့ပြီဖြစ်ကြောင်း ဆိပ်ကမ်းသာလမ်းရှိ ကွန်ပျူတာ အရောင်းဆိုင်များ မှ ဈေးကွက် ကျွမ်းကျင်သူများက ဆိုသည်။

လျှပ်စစ်မီး အချိန်ပြည့်ရရှိမှု အနေအထား၊ ဈေးနှုန်းနှင့် ရွှေ့ပြောင်းသယ်ဆောင် အသုံးပြုနိုင်ခြင်း တို့ကြောင့် ပြည်တွင်းရှိ အသုံးပြုသူများသည် Desktop ထက် Laptop ကို ပိုမိုကြိုက်နှစ် သက်နေခြင်းဖြစ်ပြီး ဈေးကွက်အတွင်း၌ ကော်ပိုရေးရှင်းကြီးများ၏ Desktop ဝယ်လိုအားမှာလည်း များပြားမှု မရှိသေးကြောင်း သိရသည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com