1/02/2015

♪ စမတ်ဖုန်းနှင့် စက်ဘီးကို ချိတ်ဆက်နိုင်မည့် Cobi System ♫

3

စက်ဘီးများတွင် စမတ်ဖုန်းကို ချိတ်ဆက်ခြင်းဖြင့် အင်တာနက် ပံ့ပိုးပေးနိုင်သော Cobi System ကို Kickstarter ၀က်ဆိုက်တွင် ရန်ပုံငွေ ကောက်ခံလျှက်ရှိပါသည်။

Cobi System တွင် အစိတ်အပိုင်းနှစ်ခု ပါရှိပြီး စမတ်ဖုန်းတပ်ဆင်နိုင်သည့် Stand နှင့် စမတ်ဖုန်းကို ထိန်းချုပ်နိုင်သည့် Controller ဖြစ်ပါသည်။ Stand ကို လက်ကိုင်၏ အလယ်တွင် တပ်ဆင်ထားပြီး Controller ကို လက်နှင့် နီးကပ်သည့်နေရာတွင် တပ်ဆင်ထားပါသည်။ စမတ်ဖုန်းတွင် အသုံးပြုရမည့် App ကိုလည်းပံ့ပိုးပေးထားပါသည်။

Cobi System ၏ အဓိက ရည်ရွယ်ချက်မှာ တည်နေရာလမ်းညွှန်မှုများကို စမတ်ဖုန်းမှ ပြသရန် ဖြစ်ပြီး စမတ်ဖုန်းကို လက်ဖြင့် ကိုင်တွယ်ရန် မလိုဘဲ Controller မှ တစ်ဆင့် သက်တောင့်သက်သာ ထိန်းချုပ်နိုင် ရန် ဖြစ်ပါသည်။ ထို့အပြင် System တွင် ဘက်ထရီ ပါရှိပြီး စမတ်ဖုန်းကို အားသွင်းပေးနိုင်ပါသည်။ System က တည်နေရာညွှန်ပြမှုအပြင် ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာခြင်း၊ အမြန်နှုန်းကို တိုင်းတာခြင်းနှင့် သီချင်းကို ထိန်းချုပ်ခြင်းများကို ပံ့ပိုးပေးနိုင်ပါသည်။

စမတ်ဖုန်း Case များ အဖြစ် iPhone, Samsung Galaxy S4/S5, Google Nexus 5 များအတွက် လက်ရှိ တွင် ထုတ်လုပ်ပေးထားပါသည်။ စမတ်ဖုန်းအားလုံး အသုံးပြုနိုင်သည့် Case ကို တီထွင်ရန်မှာ သူတို့၏ ရည်ရွယ်ချက်ဖြစ်သည်ဟု Cobi က ရေးသားထားပါသည်။

Cobi System သည် Modular System ဖြစ်ပြီး နှစ်သက်သည့် အစိတ်အပိုင်းများကို တပ်ဆင်နိုင်ပါသည်။ ဥပမာ အားဖြင့် Auto Brake Light ကို စက်ဘီး၏ အနောက်ဘက်တွင် တပ်ဆင်ထားလျှင် စက်ဘီး အရှိန်နှေးသွားလျှင် သို့မဟုတ် ဘရိတ်အုပ်လိုက်လျှင် စက်ဘီးအနောက်ဘက်ရှိ ယာဉ်များကို အသိပေးသည့် အလင်းရောင်ကို ပြသမည် ဖြစ်သည်။
Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com