1/05/2015

♪ သတင်းမီဒီယာ အဖွဲ့အစည်း တစ်ခုကို တိုက်ခိုက်မည်ဟု ဟက်ကာများ ခြိမ်းခြောက် ♫


Sony Pictures Entertaiment ကို တိုက်ခိုက်မှု၏ နောက်ကွယ်ရှိ ဟက်ကာများက အမည်မဖော်ပြ ထားသည့် သတင်း အဖွဲ့အစည်း တစ်ခုကို ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်ရန် ခြိမ်းခြောက်ထားကြောင်း FBI ၏ ထုတ်ပြန်ချက်သစ် တစ်ရပ်တွင် ဖော်ပြခဲ့သည်။

အဆိုပါ ဖြစ်ရပ်၏  အသေးစိတ် အချက်အလက်ကို The Intercept သတင်း ဝက်ဘ်ဆိုက်တွင် ပထမဦးဆုံး ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာလ ၂၄ ရက်က ဖော်ပြချက်အရ ဟက်ကာများသည် သတင်းမီဒီယာ အဖွဲ့အစည်း တစ်ခုကို ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်းနှင့် အခြားသောသတင်းအဖွဲ့အစည်း များကိုလည်း နောက်ပိုင်းတွင် ဆက်လက်တိုက်ခိုက် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ FBI မှပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက Fox News ထံအတည်ပြု ခဲ့သော်လည်း ၎င်းခြိမ်းခြောက်မှုနှင့်စပ်လျဉ်း၍ သက်သေအထောက်အထား တစ်စုံတစ်ရာမရရှိ ထားကြောင်းပြော ဆိုခဲ့သည်။

The Intercept မှဖော်ပြချက်အရ Sony ကို “USPER1” ဟုလည်းကောင်း၊ သတင်းအဖွဲ့အစည်းကို “USPER2” ဟုလည်းကောင်း ရည်ညွှန်းဖော်ပြ ထားကြောင်းသိရသည်။ ထို့အပြင် Guardians of Peace ဟုခေါ်သည့် ဟက်ကာအဖွဲ့သည် ဒီဇင်ဘာလ ၂၀ ရက်က FBI ၏ စုံစမ်းစစ်ဆေးမှု အရည်အသွေးကို ချီးကျူးသည့် message များနှင့် ထပ်မံခြိမ်းခြောက်သည့် message များကို ပေးပို့ခဲ့ကြောင်း အထက်ပါ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ယခုလ အစောပိုင်းက FBI သည် Sony ကို တိုက်ခိုက်မှုအတွက် မြောက်ကိုရီးယား အစိုးရကို ပြစ်တင် ခဲ့သည်။  သို့သော်လည်း မြောက်ကိုရီးယားက Sony ကို တိုက်ခိုက်မှုတွင် မပါဝင်ကြောင်း ငြင်းဆိုခဲ့သလို ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူများကလည်း FBI ၏ မြောက်ကိုရီးယားအပေါ် ပြစ်တင်စွပ်စွဲချက် အား မေးခွန်းထုတ်ခဲ့ကြသည်။

Ref: FoxNews

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com