1/16/2015

♪ ဆွေသဟာဝန်ဆောင်မှု အသုံးပြုသူ တစ်သန်းပြည့်ပြီး ဟုဆို ♫



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆွေသဟာဝန်ဆောင်မှုအသုံးပြုသူတစ်သန်း ပြည့်သွားခဲ့ပြီ ဖြစ်ကြောင်း မြန် မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ကြေညာသည်။
ဇန်န၀ါရီလ ၁၄ ရက်အထိ အဆိုပါအရေအတွက် ပြည့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဝန်ဆောင်မှုကို ဇန်န၀ါရီလ ၁၂ ရက်က စတင် အသုံးပြုနိုင်ခြင်းဖြစ်ပြီး နှစ်ရက် အတွင်း တစ်သန်းပြည့်ပြီးခြင်း ဖြစ်ကြောင်း သိရသည်။
ဆွေသဟာ အစီအစဉ်ကို အသုံးပြုရန် 1332 သို့ SWE ဟုရိုက်ကာ ပေးပို့ရမည်ဖြစ်ပြီး လျှောက်ထားခမှာ အခမဲ့ဖြစ်ကြောင်း၊ လျှောက်ထားပြီးပါက 50 MB အင်တာနက် အခမဲ့အသုံးပြုခွင့် လက်ဆောင် ရရှိမည်ဖြစ်ကြောင်း ပြောကြားထားသည်။
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com