1/16/2015

♪ $450 တန်ဖိုးရှိ - Mi Note ♫


Mi Note မှာ ၅.၇ လက်မ 1920 x 1080 (386ppi) display ပါဝင်ပါတယ်။ ဒါဟာ iPhone 6 plus ထက် အရွယ်ကြီးမားပါတယ်။ အထူက ၆.၉၅ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၆၁ ဂရမ်ပါ။ 6 Plus ထက် ၀.၁၅ မီလီမီတာ ပိုပါးပြီး ၁၁ ဂရမ် ပိုပေါ့ပါတယ်။ 3000 mAh Sony/LG Lithium polymer ဘက်ထရီကို သုံးထားပါတယ်။

 Mi Note မှာ စင်းရာ/ခြစ်ရာ ဒဏ်ခံနိုင်ဖို့အတွက် အရှေ့ဘက်နဲ့ အနောက်ဘက်ကို 2.5D နဲ့ 3D curved Gorilla Glass 3 တို့နဲ့ ကာကွယ်ထားပါတယ်။


13 MP Sony IMX214 CMOS sensor နဲ့ f/2.0 aperture ကို ထောက်ပံ့ပေးထားပါတယ်။ ဒါ့အပြင် အလင်းနည်းတဲ့ နေရာမှာ ဓာတ်ပုံရိုက်ဖို့အတွက် OIC ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ အရှေ့ဘက် ကင်မရာက 4 MP ဖြစ်ပါတယ်။

Hi-Fi အသံစနစ်နဲ့ 24-bit/192KHz lossless playback ကို ထောက်ပံ့ပေးထားပါတယ်။ MP3 အပြင် APE, FLAC, DSD နဲ့ WAV lossless format တွေကို အထောက်အပံ့ပေးထားပါတယ်။


Snapdragon 801 2.5GHz, Adreno 330, 3GB RAM ကို အသုံးပြုထားပါတယ်။ Dual 4G SIM နဲ့ အသုံးပြုနိုင်ပြီး Micro နဲ့ Nano SIM တွေနဲ့ သုံးနိုင်ပါတယ်။

Mi Note 16GB ကို ယွမ် ၂၂၉၉ (၃၇၀ ဒေါ်လာ)၊ 64 GB ကို ယွမ် ၂၇၉၉ (၄၅၀ ဒေါ်လာ) နဲ့ ရောင်းချဖို့ စီစဉ်ထားပါတယ်။
 

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com