11/03/2016

♪ Vivo X9 နဲ့ X9 Plus ဖုန်းသစ်တွေမှာ 20MP+8MP Dual Front Facing ကင်မရာတွေ ပါဝင်မည် ♫


Vivo ဟာ သူတိုရဲ့ နောက်ထွက်မယ့် စမတ်ဖုန်းအမျိုးအစားသစ် X9 ဖုန်းအတွက် ပထမဆုံး Teaser ကို ဒီနေ့မှာ ထုတ်ဖော်ခဲ့ပါတယ်။ အဆိုပါပုံရိပ်အရ ဒီဖုန်းဟာ လွန်ခဲ့တဲ့ လေးလလောက်တုန်းကမှ ထုတ်လုပ်ထားခဲ့တဲ့ X7 ဖုန်းကို ဆက်ခံမယ့် ဖုန်းသစ်အနေနဲ့ ထွက်ရှိလာမှာဖြစ်ပြီး တရုတ်စမတ်ဖုန်းဈေးကွက်ရဲ့ အလွန်ကျယ်ပြန့်၊ လျှင်မြန်စွာပဲ တိုးတက်လာမှုကို ဖော်ပြနေခဲ့တာ လည်း ဖြစ်ပါတယ်။

Teaser ပုံအရ ကင်မရာနှစ်လုံးကို ထည့်သွင်းထားတာကိုတွေ့ရမှာ ဖြစ်ပြီး ဒါဟာဆိုရင် Dual Camera ပါဝင်မယ်ဆိုတဲ့ ကောလဟလတွေကို အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ Dual Camera ဆိုရာမှာ ကျောဘက်နှစ်လုံး၊ ရှေ့ဘက်မှာလည်း နှစ်လုံးထည့်သွင်းထားမှာ ဖြစ်တာကြောင့် ကင်မရာအားလုံးပေါင်း ၄လုံးအထိ ထည့်သွင်းပြီး ထုတ်လုပ်မယ့် ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအပြင် ရှေ့ပိုင်းကင်မရာနှစ်လုံးဟာ 20MP နဲ့ 8MP အသီးသီးရှိမှာ ဖြစ်တာကြောင့် ရှေ့ပိုင်းကင်မရာတွေထဲမှာ ရုပ်ထွက်အရည်အသွေး အတော်လေးကို ကောင်းမွန်တဲ့ ဖုန်းတစ်လုံးအဖြစ် တွေ့မြင်ရဖွယ်ရှိနေပါတယ်။ Vivo X9 စမတ်ဖုန်းကို တရားဝင်ပွဲအနေနဲ့ လာမယ့် နိုဝင်ဘာလ ၁၇ရက်နေ့မှာ ကျင်းပပြီး မိတ်ဆက်မှာ ဖြစ်ပြီး သတင်းတွေက အလျင်အမြန်ပဲ ထွက်ပေါ်လာခဲ့တာပါ။

vivo-x7
 
Vivo X7 ဖုန်း
X9 ဟာ Qualcomm ရဲ့ Snapdragon 653 chipset ကိုအသုံးပြုထည့်သွင်းပြီး RAM အနေနဲ့ 4GB ဒါမှမဟုတ် 6GB အထိ တိုးမြှင့်ထားမှာ ဖြစ်ကာ၊ 64 GB Built in Storage ပါဝင်မှာ ဖြစ်ပါတယ်။ Chipset ကတော့ X7 ဖုန်းအတိုင်းပဲ ဖြစ်ပြီး ကျောဘက်ကင်မရာကို Sony ရဲ့ IMX260 ကို Samsung Galaxy S7 နည်းတူ အသုံးပြုထားတာပါ။

လွန်ခဲ့တဲ့၎လလောက်က ထွက်ရှိခဲ့တဲ့ X7 ဖုန်းအကြောင်းကို ဒီနေရာကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။


Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com