11/02/2016

♪ “Samsung မှ Galaxy J7 Prime နှင့် J5 Prime စမတ်ဖုန်းသစ်များအား ပြည်တွင်းတွင် မိတ်ဆက်” ♫


Samsung မှ နောက်ဆုံးပေါ် အဆင့်မြှင့်တင်ထားသော ထူးခြားသည့် လုပ်ဆောင်ချက်များနှင့် သဘာကျနှစ်သက်ဖွယ်ရာအရည်အသွေးများကို ပေါင်းစပ်ထုတ်လုပ်ထားသော Galaxy J7 Prime နှင့် J5 Prime စမတ်ဖုန်း မော်ဒယ်သစ်များအား ပြည်တွင်းတွင်စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း အောက်တိုဘာ ၂ဝ ရက်နေ့တွင် ကြေ ညာလိုက်သည်။

Samsung Myanmar ၏ Head of IT and Mobile ကိုဇာနည်ဝင်းထက်က ''သုံးစွဲသူတွေရဲ့ ထင်မြင် ယူဆချက်ကို အသေအချာနားလည်ပြီး သူတို့ရဲ့လိုအပ်ချက်တွေကို ကျွန်တော် တို့ အနေနဲ့အမြဲဂရုတ စိုက်နားစွင့်နေပါတယ်။ ဒီအချက်တွေအပေါ်အခြေခံပြီး စဉ်ဆက် မပြတ်ဖန်တီးနေတဲ့ တီထွင်ဆန်းသစ် မှုတွေက ကျွန်တော်တို့ Samsung ရဲ့အမြဲဦးစားပေးအလေးထားတဲ့ အဓိကတန်ဖိုးတွေဖြစ်ပါတယ်။ အခုအသစ်ထုတ်လုပ် လိုက်တဲ့ Galaxy J7 Prime နဲ့ Galaxy J5 Prime စမတ်ဖုန်းတွေကို ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ်တီထွင် ဖန်တီးမှုတွေနဲ့ ထူးခြားတဲ့ဒီဇိုင်းတွေကို ပေါင်းစပ်ဖန်တီး ထုတ်လုပ်ထားပါတယ်''ဟု ပြောကြား ခဲ့သည်။

ယခုအသစ်မိတ်ဆက်လိုက်သော စမတ်ဖုန်းများတွင်ထည့်သွင်းပေးထားသည့် S Power Planning လုပ်ဆောင်ချက် သည် ဖုန်းခေါ်ဆိုမှုအတွက် ဘက်ထရီ အားချန်ထားပေးခြင်း၊ ဘက်ထရီသက်တမ်းအား တိုးမြှင့်ပေးထားခြင်းနှင့် ဘက်ထရီမရှိသည့်အခါ ဖုန်းခေါ်ဆိုမှုများအား Call Forwarding အလို အလျောက်ပြုလုပ်ပေးခြင်း အစရှိသည့် ရွေးချယ်မှုသုံးမျိုးနှင့်အတူသုံးစွဲသူများ ၏ ဖုန်းဘက်ထရီသက်တမ်း အား ချွေတာနိုင်စေရန်ကူညီပေးသွားမည်ဖြစ် သည်။

အရည်အသွေးမြင့်သတ္ထုပြည့်ကိုယ်ထည်ဒီဇိုင်းအပြင် အသစ်မိတ်ဆက် လိုက်သောအဆို ပါစမတ်ဖုန်း သစ်များတွင် သုံးစွဲမှုအတွေ့အကြုံအား အပြည့် အဝရရှိ ခံစားစေနိုင်ရန်စွမ်းအားမြင့် Processor နှင့် လက်ဗွေရာ စနစ်ကို လည်း ထည့်သွင်းပေးထားပြီး နောက်ဆုံးပေါ်တီထွင်ဆန်းသစ်မှုများနှင့် လုပ်ဆောင်ချက်များ၏ ပေါင်း စပ်မှုနှင့်အတူ အဆိုပါစမတ်ဖုန်းသစ်များသည် သုံးစွဲသူများအတွက် အချိန်ပြည့်ကူညီပံ့ပိုးပေးမည်ဖြစ်သည်။

Galaxy J7 Prime အား ဈေးနှုန်း ၃၂၈,ဝဝဝ ကျပ်ဖြင့် အောက်တိုဘာလ ဒုတိယအပတ်မှစ၍ ရောင်းချလျက် ရှိပြီး လက်ရှိတွင် အနက်ရောင်နှင့် ရွှေဖြူရောင်များကို ဝယ်ယူ နိုင်မည်ဖြစ်ကာ Pink Gold အရောင်ကို လာမည့် ရက်သတ္တပတ်အနည်းငယ် အတွင်း ရောင်းချသွားမည်ဟု ဆိုသည်။

ကောင်းမြတ်ရာ
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com