11/08/2016

♪ " အကောင်းဆုံး အခမဲ့ Photo Viewers " ဆောင်းပါးရှင် - ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ) ♫



Windows ထဲမှာ Photo viewer အဆင်သင့်ပါပြီးဖြစ်သည်။ သို့သော် ယင်း viewer က အခြေခံအဆင့်မျှသာရှိသည်။ ဓာတ်ပုံများကို ကြည့်ရုံသက်သက်မဟုတ်ဘဲ စီမံခန့်ခွဲမှုပါ ပြုလုပ်လိုသည် ဟုဆိုလျှင် Third party မှ ထုတ်လုပ်သော Photo viewer များလိုသည်။ ယင်းတို့ကို အောက်ပါအတိုင်း တွေ့ရပါမည်။
* Xn View *
www.xnview.com မှ အခမဲ့ download ချပြီး အသုံးပြုနိုင်ပါသည်။ အလွန်တရာ feature စုံသော image viewer ဖြစ်သည်။ အခြားသော viewer များကဲ့ သို့ပင် ဓာတ်ပုံဖိုင်ကို ရှာဖွေကြည့်ရှုနိုင်ရန်အတွက် file browser တစ်ခုပေးထားပြီး ယင်းမှတစ်ဆင့်ဓာတ် ပုံဖိုင်များကို ရှာဖွေ၍ စီမံခန့်ခွဲနိုင်သည်။ ယင်း browser ကိုသုံး၍ ဓာတ်ပုံနှင့်ပတ်သက်သည့် အခြားသောအသုံးဝင်သည့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင သည်။ ယင်းလုပ်ငန်းဆောင်တာများထဲတွင် moving, renaming, converting, Labelling နှင့် rating တို့ပါဝင်သည်သာကမ viewing image properties and EXIF information လည်း ပါသည်။ ယင်းတို့က ဓာတ်ပုံများအား မိမိစိတ်ကြိုက် စုစည်းရာတွင် လွယ်ကူစေပါသည်။
User interface ကမူ အခမဲ့ရသော Photo viewer များအနက်တွင် အရိုးရှင်းဆုံးဟု ဆိုနိုင်သည်။ ရိုး ရှင်းသော်လည်း အဆင့်မြင့်စွမ်းဆောင်ရည်များကို ထည့်သွင်းပေးထားပါသည်။ ပမာဆိုရသော် Batch Processing နှင့် Batch Renaming ကဲ့သို့သော စွမ်းဆောင်ရည်များထည့်သွင်းပေးထားခြင်းဖြစ်သည်။ ထို့ကြောင့် ဓာတ်ပုံပေါင်းများစွာနှင့် အလုပ်လုပ်ရာ တွင် အချိန်ကုန်သက်သာစေပါသည်။
Xn browser တွင်းရှိ ဓာတ်ပုံတစ်ပုံ၏ Thumbnail သို့မဟုတ် preview တွင် ဘယ်ကလစ်နှစ်ချက်နှိပ်လျှင် ယင်းဓာတ်ပုံအားသီးသန့် tab တစ်ခုဖြင့် ဖွင့်ပေးပါမည်။ ယင်းနေရာမှနေ၍အခြေခံဓာတ်ပုံတည်း ဖြတ်သည့် စွမ်းဆောင်ရည်များ၏အကျိုးကျေးဇူးကို ရယူခံစားသည်။ အဆိုပါတည်းဖြတ်မှုစွမ်းဆောင်ရည်များတွင် resizing ၊ cropping နှင့် red-eye removal စသည်တို့ပါဝင်သည်။ ယင်း app က ဓာတ်ပုံများ၏ color နှင့် contrast ကိုလည်း သင့်လျော်သလို ပြုပြင်ပြောင်းလဲခွင့်ပေးသည်။ ယင်း button များမှာ မိမိလက်ဖြင့် စိတ်ကြိုက်ညှိယူ နိုင်သည်။ အလိုအလျောက် ပြုပြင်ပေးခြင်းကို အလိုရှိလျှင် Automatic Levles နှင့် Automatic contrast တို့ကို အသုံးပြုနိုင်သည်။ ထို့ပြင် filter menu ကိုအသုံးပြု၍ဓာတ်ပုံတွင်အချို့သော effect များထည့်သွင်းနိုင်ပါသေး သည်။
တစ်ပုံထက်မကသောဓာတ်ပုံတို့ကို Xn Browser မှနေ၍ ဖွင့်သည့်အခါ ယင်းဓာတ်ပုံတစ်ပုံစီအား သီးခြား tab တစ်ခုစီဖြင့်ဖွင့်ပေးသောကြောင့် ယင်းတို့ကို ဘေးချင်းကပ်အနေအထားဖြင့် တစ်လှည့်စီကြည့်ရှုနိုင်သည်။ သို့တည်းမဟုတ် Tile ၊ Cascade စသော ပုံစံများဖြင့်လည်း ကြည့်နိုင်အောင် စီစဉ်ဆောင်ရွက်နိုင်သည်။ ဓာတ်ပုံဖိုင်များကို explorer မှနေ၍ ဖွင့်သည့်အခါ Xn view သည် လျင်မြန်စွာတက်လာပြီး ယင်း၏ tool အစုံကို အသုံးပြုနိုင်ရန် အသင့်ပြင်ဆင်ပေးပါသည်။ ထို့ပြင် folder များအတွင်းရှိနေသော ဓာတ်ပုံတို့အား arrow key ဖြင့် ဓာတ်ပုံတွေ တစ်ပုံပြီး တစ်ပုံကြည့်နိုင်ခွင့်ကိုလည်း ပေးထားပါသည်။ အကယ်၍ ဤ app ကို ဖွင့်ထားပြီးဖြစ်လျှင် Xn view ထဲသို့ ဓာတ်ပုံများကို drag and drop လုပ်ပြီး ဖွင့်ကြည့်နိုင်ပါသည်။
အခမဲ့သုံးခွင့်ရသော Xn view ကို သုံးခြင်းသည် မမှားနိုင်ပါ။ ဤ program သည် အထင်ကြီးလောက်သော feature များပါသည်။ အလုပ်လုပ်မှု လျင်မြန်သည်။ Interface ကလည်းရိုးရှင်းသည်။ ယင်း interface ကိုပင် လူအများက နှစ်သက်ကြပါလိမ့်မည်။ Installer ဖိုင်အဖြစ်သာမက Portable ဖိုင်အနေဖြင့်ပါရရှိနိုင်ခြင်းကြောင့် အာသီသအမျိုးမျိုးရှိသော user များအတွက် သင့်တော်ပါလိမ့်မည်။ သို့သော် Zoner photo studio ကဲ့သို့သော် အခမဲ့ viewer နှင့် ယှဉ်လျှင် interface က အနည်းငယ်ငြီးငွေ့စရာကောင်းနေသည်။ အနာဂတ် တွင် ယင်းအားနည်းချက်ကိုပြင်ဆင်ဖို့ လိုအပ်ပါလိမ့်မည်။
* Fast Stone Image Viewer *
www.faststone.org မှနေပြီး အခမဲ့ download ဆွဲချ၍ အသုံးပြုနိုင်သည်။ အခမဲ့ရနိုင်သော Photo view များထဲတွင်အရွယ်အစားသေးပြီး အလုပ်လုပ် ပုံပေါ့ပါးသော tool တစ်ခုဖြစ်သည်။ သို့သော် feature များ ကြွယ်ဝစုံလင်သည်။ ဤ app ၏ file browser သည်လည်း Xn View နှင့် အလွန်ဆင်တူသည်။ ဓာတ်ပုံ နှင့်ပတ်သက်သည့် Processing tool များပေးထားသလို organsing အတွက် လိုအပ်သော tool များကိုလည်း ပေးထားပါသည်။
Processing Tool များထဲတွင်Batch Conversion Renaming, Cropping, Rotating နှင့် Light Adjustment တို့ ပါဝင်သည်။ ယင်းတို့ကို main toolbar မှ ခေါ်ယူအသုံး ပြုနိုင်သည်။ သို့ရာတွင်ထင်ရှားပေါ်လွင်သော feature တစ်ခုမှာ compare selected image ဟူသော option ဖြစ်သည်။ ယင်းက တစ်ကြိမ်တည်းတွင် ဓာတ်ပုံလေးပုံအထိ နှိုင်းယှဉ်ကြည့်နိုင်စေသည်။ ထို့ပြင် ယင်းဓာတ်ပုံတို့ကို Zooming နှင့် moving လည်း တစ်ပြိုင်နက်ပြုလုပ်နိုင်စွမ်းရှိပါသည်။
Fast Stone Browser မှဖြစ်စေ Explorer မှဖြစ်စေ ဓာတ်ပုံတစ်ပုံအားဖွင့်လိုက်သည့်အခါ ယင်းသည် full screen mode ဖြင့် ပွင့်လာပါမည်။ ယင်း mode ထဲတွင် cursor ကိုရွှေ့၍ အနားစွန်းများဆီသို့သွားကာ option အမျိုးမျိုးကို မြင်တွေ့ရအောင်ပြုလုပ်နိုင်သည်။ ယင်း option များထဲတွင် folder tree ၊ File altributes window နှင့် editing pane တို့ ပါဝင်သည်။ အကယ်၍ ဆန္ဒရှိမည် ဆိုလျှင် Full screen view အစား window view ဖြင့်ကြည့်နိုင်သည်။ ယင်းအနေအထားတွင် toolbar အား ရယူသုံးစွဲရေးမှာ ပို၍လွယ်ကူသည်။
Fast stone app သည် hard drive ပေါ်တွင် 5 Mb မျှသာနေရာယူသည်။ ထို့ကြောင့် install လုပ်ရာတွင် မြန်သလိုဖွင့်ကြည့်ရာတွင်လည်းမြန်သည်။ Fast stone Image viewer ကို installer version အဖြစ်ဖြင့် သာမက portable version ဖြင့်လည်း ရရှိနိုင်သည်။ ဤ app ၏ user inteface သည် Xnview လောက် ရိုးရှင်းလွယ်ကူမှု မရှိသောကြောင့် ဒုတိယအကောင်းဆုံး Photo viewer ဖြစ်ခဲ့ရပါသည်။
* Zoner Photo Studio Free *
www.free.zoner.com မှ download ဆွဲချပြီး အခမဲ့ အသုံးပြုနိုင်သည်။ အမြင်ပိုင်းအရ လှပတင့်တယ်မှု အရှိဆုံး interface ကို ပိုင်ဆိုင်ထားပါသည်။ ဤ app ကို ကြည့်ရသည်မှာ Photo viewer နှင့် မတူဘဲ Photo suite တစ်ခုနှင့်တူသည်။ Browser တွင်းရှိ ဓာတ်ပုံတစ်ပုံ၏ Thumbnail ကိုဖွင့်လိုက်သည့်အခါ ယင်းကို screen ၏ အလယ်တွင် ဖွင့်ပေးပါသည်။ Manager tab သည် ဓာတ်ပုံနှင့် ပတ်သက်ပြီး အရေးကြီးသော သတင်း အချက်အလက်များကို ပေးပါသည်။ ယင်းအချက်အလက်များထဲတွင် properties EXIF details နှင့် GPS position များထိပါဝင်သည်။
ဓာတ်ပုံတည်းဖြတ်မှုအတွက် tool အတော်များများကို ပေးအပ်ထားရာ ယင်းထဲတွင် cropping ၊ rotating ၊ changing color ၊ White balance နှင့် exposure တို့ ပါဝင်သည်။ တည်းဖြတ်လိုက်သော ဓာတ်ပုံတို့ကို မူလအရည်အသွေးအတိုင်းရအောင် ပြုလုပ်ပေးနိုင်သည့်အပြင် မကြိုက်ပါက Restore Orginal button ကို နှိပ်၍ မူလအနေအထားသို့ ပြန်သွားနိုင်သည်။ အခြေခံအဆင့်များပေးထားသော Zoner Photo Studio Free သည် အခမဲ့ဖြစ်သော်လည်း အဆင့်မြင့်တည်း ဖြတ်စွမ်းရည်များပါသည့် Premium Version သည် ၉၉ ဒေါ်လာ ကျသင့်ပါမည်။ Program အရွယ်အစားသည် 315 Mb ရှိသဖြင့် ဖွင့်သည့်အခါတွင် အတက်နှေးပါသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com