11/08/2016

♪ " vivo Y55 " Price : 198,000/- ♫


vivo Y55 ဟာ အဆင့်မီတဲ့ တန်းဝင်စမတ်ဖုန်းတစ်လုံးဖြစ်ပြီး ၎င်းမှာ လှပတဲ့ဒီဇိုင်း၊ အဆင့်မြင့် specs တွေနဲ့ အသုံးပြုပေးထားတဲ့ Android Marshmallow OS တို့ကိုကြည့်ကာ သတ်မှတ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းကို Smart Screen flash ပါရှိတဲ့ Selfie-centric phone ဖုန်းအမျိုးအစားဖြစ်ပါတယ်။ 4G LTE network ကို ထောက်ပံ့ပေးထားကာ dual SIM စနစ်ကိုအသုံးပြုနိုင်ပြီး အထဲမှာ Nano SIM နဲ့ Micro SIM ၂မျိုးလုံးကို တစ်ပြိုင်နက်တည်း ထည့်သွင်းသုံးစွဲနိုင်ပါတယ်

အသုံးပြုထားတဲ့ UI က အရင်မော်ဒယ်တွေမှာ သုံးနေကျအတိုင်းပဲဖြစ်ပြီး apps တွေအားလုံးကို home screen မှာ ထားပေးထားတဲ့အတွက် app drawer မပါရှိပါဘူး။ Screenshots တွေရိုက်တဲ့အခါမှာ ထောက်ပံ့ပေးထားတဲ့ shortcut key ကနေ အလွယ်တကူရိုက်နိုင်တဲ့အပြင် volume down key နဲ့ lock button ကိုတွဲနှိပ်ကာ ရိုက်လို့လည်းရပါတယ်။ Smart Split နည်းပညာကို ထည့်သွင်းပေးထားတာကြောင့် multitasking ၂ခုလောက်ကို အေးအေးဆေးဆေးပြုလုပ်နိုင်ပါတယ်။ ဥပမာ ဗီဒီယိုကြည့်နေရင်းနဲ့ message တွေကို ဖတ်ကြည့်နိုင်ပါတယ်။

* Design & Build *

vivo Y55 ရဲ့ ဒီဇိုင်းပုံစံက Oppo F1s နဲ့ အနည်းငယ်သာကွဲပြားပါတယ်။ vivo နဲ့ Oppo ဖုန်းတွေက တူညီတဲ့ကုမ္ပဏီတစ်ခုတည်းအောက်မှာသာရှိတာကြောင့် ၎င်းတို့ရဲ့အဖြူရောင်မျက်နှာပြင်ရှိပြီး ထောင့်တွေနဲ့ ဘေးဘက်တွေက အနည်းငယ်လုံးဝန်းပြီး အနောက်ဘက်ကလည်း iPhone နဲ့ အနည်းငယ်တူညီပါတယ်။ ဖုန်းအရွယ်အစားက ကိုင်တွယ်သုံးစွဲလို့ကောင်းတဲ့ အနေတော်အရွယ်ရှိပြီး အရှေ့ဘက်မျက်နှာပြင်ရဲ့ အောက်ဘက်မှာ Options, Home, Back ဆိုတဲ့ buttons ၃ ခုပါရှိပြီး ၎င်းရဲ့ဘယ်ဘက်ဘေးဘောင်မှာ dual-SIM card tray ကို တွေ့ရမှာဖြစ်ပါတယ်။ ညာဘက်မှာတော့ volume keys တွေနဲ့ power/lock button ရှိပါတယ်။


 Headset jack ပေါက်နဲ့ micro SD card slot ကိုတော့ အပေါ်ဘက်မှာထားပေးထားပြီး အောက်ဘက်မှာတော့ microphone, microUSB port နဲူ့ loudspeaker တို့တည်ရှိပါတယ်။ နောက်ကျောဘက်ကိုလှည့်လိုက်ရင် ကင်မရာ၊ LED Flash မီး၊ antenna bands တစ်စုံနဲ့ အလယ်နားလောက်မှာ vivo စာတန်းတို့ကိုတွေ့မြင်နိုင်မှာပါ။ ၎င်းနောက်ကျောကိုယ်ထည်ကို သတ္တုနဲ့ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင် fingerprint sensor ကလည်း နောက်ကျောဘက်မှာပဲရှိပါတယ်။ ၎င်းက အစင်းရာတွေ အလွယ်တကူဖြစ်စေနိုင်တာကြောင့် ၀ယ်ယူသုံးစွဲမယ်ဆိုရင် protective case တစ်ခုကို အမြဲတပ်ထားသင့်ပါတယ်။

* Display *

Display က 5.2-inch အကျယ်ရှိပြီး ၎င်းမျက်နှာပြင်က 1280×720 pixels ရှိတဲ့ HD resolution ကို ပေးစွမ်းကာ ၁ လက်မသိပ်သည်းဆပမာဏအနေနဲ့တော့ ~282ppi ရှိပါတယ်။ မျက်နှာပြင်ကိုအကြမ်းခံနိုင်အောင် Corning Gorilla Glass 2 နဲ့ ဖုံးအုပ်ကာကွယ်ပေးထားပြီး Outdoor မှာသုံးဖို့အတွက် လုံလောက်တဲ့အလင်းရောင်စွမ်းအားတွေနဲ့ Night-time viewing တွေအတွက် eye protection mode လည်း ပါဝင်ပါတယ်။

* Operating System and Camera *

အတွင်းထဲမှာ run ပေးထားတဲ့ OS က Android OS, v6.0.1 (Marshmallow) ပါ။ ကင်မရာပိုင်းအနေနဲ့ အနောက်ကင်မရာက 8MP resolution ကိုထောက်ပံ့ပေးနိုင်ပြီး 30fps မှာ 1080p အရည်အသွေးရှိ ဗီဒီယိုတွေရိုက်နိုင်ပါတယ်။ အလင်းရောင်အားနည်းတဲ့နေရာတွေမှာလည်း ပုံရိပ်တွေကို တိကျစွာဖမ်းယူပေးနိုင်ပါတယ်။ Selfie ဓာတ်ပုံတွေရိုက်ဖို့ အရှေ့ကင်မရာကတော့ 5MP resolution ရှိပါတယ်။

* Performance *

စွမ်းဆောင်ရည်ပိုင်းကို မြင့်မားစေဖို့အတွက် အတွင်းထဲမှာ Qual- comm Snapdragon 430 octa-core processor နဲ့ Adreno 505 GPU တို့ကို ထည့်သွင်းပေးထားပါတယ်။ ၎င်းအနေအထားအရ ထောက်ပံ့ပေးနိုင် စွမ်းက သာမန်မျှသာရှိပေမယ့် graphic လေးလံတဲ့ အချို့ဂိမ်းကြီးတွေကိုတောင် ကစားနိုင်ပြီး EA's UFC တွေအပါအ၀င် အလားတူတစ်ခြားဂိမ်းတွေကိုလည်း အဆင်ပြေပြေကစားနိုင်ပါတယ်။


Apps အဖွင့်အပိတ်တွေကလည်း လျင်မြန်မှုရှိပြီး ရုပ်ပုံတွေရဲ့လှုပ်ရှားမှုတွေ လုပ်ငန်းဆောင်တာတစ်ခု ကနေတစ်ခုကိုကူးပြောင်းမှုတွေအနေနဲ့လည်း မြန်ဆန်တိကျမှုရှိ တာကို တွေ့ရပါ တယ်။ ၎င်းလုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးဖို့ ထည့်သွင်းပေးထားတဲ့ ဘက်ထရီစွမ်းအားကတော့ သာမန်လောက်ပဲရှိပါတယ်။

Specification
Display : 5.2 inch, IPS LCD capacitive touchscreen
Memory : 16 GB, 2 GB RAM, microSD, up to 128GB
Camera : 8.0MP, 3264×2448 Pixels, 5.0MP (Front), Screen flash
OS : Android 6.0 (Marshmallow), (Funtouch OS)

Phone : 01-398436 (UNiQUE)

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com