11/04/2016

♪ OLED screen နဲ့ ဖန်ကိုယ်ထည်အပြည့်ဒီဇိုင်းဖြစ်မည့် iPhone 8 ♫


Sharp company ဥက္ကဌ Tai Jeng-wu ဟာ Sharp company အစပြုခဲ့ရာ   Foxconn ရဲ့ အရေးပါသူတစ်ယောက်ဖြစ်ပြီး Foxconn ဟာလည်း Apple စိတ်ကြိုက်စာချုပ်ချုပ်ဆိုထားတဲ့ ထုတ်လုပ်သူဖြစ်ပါတယ်။ Apple ရဲ့နောက်ထွက်မယ့် iPhone တွေမှာ Samsung Galaxy S7 လိုမျိုး organic light-emitting diode (OLED) နည်းပညာကိုသုံးပြီး မျက်နှာပြင်ခုံး display ကိုထုတ်လုပ်မယ်လို့ဆိုခဲ့ပါတယ်။

လောလောဆယ်မှာတော့ Apple watch နဲ့ အသစ်ထွက်ထားတဲ့ MacBook Pro ရဲ့ Touch Bar မှာ OLED screen တွေကိုသုံးထားပါတယ်။ iPhone , iPad နဲ့ iPod touch ပစ္စည်းတွေမှာတော့ ရိုးရိုး LCD screen တွေကိုပဲ သုံးထားပါတယ်။

Sharp ဟာ Apple ပစ္စည်းတွေအတွက် LCD တွေကိုထုတ်ပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂျပန်ကုမ္ပဏီရဲ့ OLED တွေထုတ်လုပ်မှုကို အရမ်းကန့်သတ်ထားပါတယ်။ Tai ကတော့ Apple နဲ့ Apple ရဲ့အမာခံပရိတ်သတ်တွေကသာ ဆန္ဒရှိရင် U.S မှာထုတ်လုပ်လည်းဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။

Foxconn ဟာ နှစ်ပေါင်းကြာမြင့်ခဲ့တဲ့ Sharp လျှပ်စစ်ပစ္စည်းကုမ္ပဏီ ကို ဝယ်ယူပြီးတဲ့အခါမှာ Tai ဟာ Sharp ကုမ္ပဏီရဲ့ ဥက္ကဌ CEO ဖြစ်ခဲ့ပါတယ်။Foxconn CEO Terrry Gou ရဲ့ အနီးကပ်လူတစ်ယောက်လဲဖြစ်ခဲ့ပါတယ်။ သြဂုတ်လတုန်းက Nikkei သတင်းအရ ၂၀၁၇ မှာ iPhone သုံးလုံးထွက်မှာဖြစ်ပြီး model တစ်ခုကတော့ OLED screen နဲ့ ဖန်ကိုယ်ထည်အပြည့်ဒီဇိုင်းဖြစ်မယ် လို့ဆိုခဲ့ပါတယ်။

မကြာသေးခင်က Nikkei ကတင်ပြခဲ့တဲ့သတင်းအရတော့ iPhone 8 မော်ဒယ်တွေအကုန်လုံးဟာ ဖန်ကိုယ်ထည်နဲ့ဖြစ်မယ်လို့ ဆိုခဲ့ပြန်ပါတယ်။ ပစ္စည်းသုံးမျိုးလုံးဟာ အရှေ့နဲ့အနောက်ဖန်မျက်နှာပြင်တွေကို အရင် version တွေနဲ့မတူတဲ့သတ္တု frame တစ်ခုနဲ့ ဆက်ထားမယ်လို့ ဆိုပါတယ်။

iphone-7-plus-piano-and-dark-black-applearab-concept-001-500x281

AppleInsider ကတော့ ၂၀၁၇ မှာ ၅လက်မအရွယ် iPhone model တစ်မျိုးထွက်မယ်ဆိုတဲ့အဆိုကို ငြင်းဆိုခဲ့ပါတယ်။ ၄.၇ လက်မအရွယ် screen နဲ့ ၅.၅ လက်မအရွယ် screen ဖြစ်တယ်လို့ဆိုခဲ့ပါတယ်။

ထိုင်ဝမ်မီဒီယာတစ်ခုကတော့ Apple ဟာ OLED or AMOLED နည်းပညာကိုပြောင်းလိုက်တာဟာ iPhone ရဲ့ ၁၀နှစ်ပြည့်အထိမ်းအမှတ်ဖြစ်တဲ့အတွက် ခဏတာပြောင်းလဲလိုက်တာပဲဖြစ်ပြီး နောက် iPhone တွေအတွက်ကတော့ ဒီထက်ပိုအားကောင်းတဲ့ ပိုလင်းတဲ့ Micro-LED သုံးဖို့သုတေသနတွေပြုလုပ်နေတယ်လို့ဆိုပါတယ်။

Micro-LED ဟာ iPhone ရဲ့ screen resolution ကိုမြှင့်တင်ပြီး iPhone ရဲ့ ဘက်ထရီကို တိုးတက်အောင်လုပ်ထားခြင်းပဲဖြစ်ပါတယ်။ပါဝါအားကုန်တာအတူတူဆိုရင်တောင် အရောင်းအလင်းက OLED နည်းပညာထက် နှစ်ဆသုံးဆပိုလင်းနိုင်ပါတယ်။

Apple ဟာ ၂၀၁၄ မေလမှာတုန်းက Micro-LED developer နဲ့ semiconductor တွေပြုလုပ်တဲ့ LuxVue နည်းပညာကိုရခဲ့ပြီး ၄င်းရဲ့ကျွမ်းကျင်မှုနဲ့အတူ ဆန်းသစ်တဲ့ ကိုယ်ထည်တွေဖန်တီးနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။


Credit to ==> Myanmar Mobile App



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com