ကျွန်တော်တို့အနေနဲ့ ရှည်လျား၊ ရှုပ်ထွေးပြီး မှတ်ရခက်ခဲတဲ့ Password
တွေကို အသုံးပြုလေ့ရှိကြပါတယ်။ အဲ့ဒီအပြင် အဲ့ဒီ Password တွေကို
ဆိုက်တွေအားလုံးမှာ တစ်မျိုးတည်းပေးထားတာမျိုးမဟုတ်ပဲ၊
တစ်ခုစီပေးထားတာဖြစ်တာကြောင့် သင့်အနေနဲ့ မှတ်မိဖို့အတွက် ခက်ခဲမှာပါ။
ဒါဆိုဘယ်လိုလုပ်ကြမှာပါလဲ?
ဒါပေမယ့် ဒီအတွက်မခက်ပါဘူး။ Password တွေကို မှတ်သားပေးတဲ့ LastPass လို Password Manager Software တွေရှိလာပါပြီ။ LastPass လို Software ကြီးဟာ ယခုအခါမှာလည်း ပိုမိုကောင်းမွန်အဆင်ပြေစေနိုင်ဖို့အတွက် သူတို့ဝန်ဆောင်မှုအချို့ကို ထပ်မံပြီး Free Version မှာ ရရှိနိုင်အောင် လုပ်ပေးလိုက်ပြန်ပါပြီ။ သင့်အနေနဲ့ယခုအခါမှာ သင့် Password တွေကို Premium Version ကို Upgrade လုပ်စရာမလိုပဲ Multile Device တွေမှာ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
ယခင်တုန်းက Free User တွေအနေနဲ့ သူတို့ရဲ့ Passwords တွေကို Device
တစ်မျိုးတည်းကလွဲပြီး တခြားနေရာတွေမှာ အသုံးမပြုနိုင်အောင် Limit
လုပ်ထားတာကြောင့် လူတွေကို Premium Version ကို ရရှိဖို့အတွက်
တွန်းထားသလိုဖြစ်ပြီး အဆင်ပြေမှုသိပ်မရှိပါဘူး။ ဒါဟာဆိုရင် တစ်လအတွက်
တစ်ဒေါ်လာကျသင့်မှာ ဖြစ်ပြီး လက်ရှိအချိန်အထိလည်း ရှိနေဆဲပါ။ ဒါပေမယ့်
တခြားလုပ်ဆောင်ချက်တွေအတွက် ပြန်လှည့်သွားတဲ့ ပုံစံဖြစ်ပါတယ်။
ဒါကြောင့် သင့်အနေနဲ့ ယခုအခါ LastPass ကို Multiple Device အသုံးပြုဖို့အတွက် အဆင်ပြေလာသလို တကယ်လို့ သင့်အနေနဲ့ Ad-Free အမျိုးအစား Premium ကိုအသုံးပြုမယ်ဆိုရင် မိသားစုအနေနဲ့ လူငါးယောက်အထိအသုံးပြုနိုင်သလို၊ YubiKey, Encrypted File Storage နဲ့ တခြားဝန်ဆောင်မှုတွေ ထပ်ရမှာပါ။ ဒါဟာဆိုရင် LastPass ရဲ့ အတော်ကောင်းမွန်တဲ့ အဆင့်မြှင့်တင်မှုလို့ ဆိုနိုင်ပါတယ်။
ဒါပေမယ့် ဒီအတွက်မခက်ပါဘူး။ Password တွေကို မှတ်သားပေးတဲ့ LastPass လို Password Manager Software တွေရှိလာပါပြီ။ LastPass လို Software ကြီးဟာ ယခုအခါမှာလည်း ပိုမိုကောင်းမွန်အဆင်ပြေစေနိုင်ဖို့အတွက် သူတို့ဝန်ဆောင်မှုအချို့ကို ထပ်မံပြီး Free Version မှာ ရရှိနိုင်အောင် လုပ်ပေးလိုက်ပြန်ပါပြီ။ သင့်အနေနဲ့ယခုအခါမှာ သင့် Password တွေကို Premium Version ကို Upgrade လုပ်စရာမလိုပဲ Multile Device တွေမှာ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
ဒါကြောင့် သင့်အနေနဲ့ ယခုအခါ LastPass ကို Multiple Device အသုံးပြုဖို့အတွက် အဆင်ပြေလာသလို တကယ်လို့ သင့်အနေနဲ့ Ad-Free အမျိုးအစား Premium ကိုအသုံးပြုမယ်ဆိုရင် မိသားစုအနေနဲ့ လူငါးယောက်အထိအသုံးပြုနိုင်သလို၊ YubiKey, Encrypted File Storage နဲ့ တခြားဝန်ဆောင်မှုတွေ ထပ်ရမှာပါ။ ဒါဟာဆိုရင် LastPass ရဲ့ အတော်ကောင်းမွန်တဲ့ အဆင့်မြှင့်တင်မှုလို့ ဆိုနိုင်ပါတယ်။
www.pyaephyo.com