11/01/2016

♪ ဒေါ်လာ ၁၃၀၀ဈေးရှိနိုင်မယ့် Mate 9 ဖုန်းမှာ Kirin 960 chipset ကိုအသုံးပြုမှာဖြစ်ကြောင့် Huawei အတည်ပြု ♫


Huawei ဟာ နောက်ထွက်မယ့် အဓိကစမတ်ဖုန်းအမျိုးအစားဖြစ်တဲ့ Mate 9၊ Phablet အမျိုးအစားစမတ်ဖုန်းမှာ Chipset အနေနဲ့ Kirin 960 ကို အသုံးပြုမှာ ဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ဒီ SoC ကို ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ပြုလုပ်ခဲ့တဲ့ပွဲမှာ တရားဝင်ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ Mate 9 ဖုန်းကို လာမယ့် နိုဝင်ဘာလ ၃ရက်နေ့ကျလို့ရှိရင် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ထုတ်ဖော်ပြသမှာ ဖြစ်ပါတယ်။

ကုမ္ပဏီအနေနဲ့ Mate 9 ဖုန်းရဲ့ ဘယ်နဲ့ ညာဘက်အခြမ်းတွေကို Teaser အနေနဲ့ တင်ခဲ့ပြီး အချက်အလက်တွေအရ ဒါဟာ နောက်ထွက်မယ့် Mate စီးရီးဖုန်းတွေရဲ့ အချက်အလက်တွေဆိုတာကို အခိုင်အမာဆိုခဲ့ကြပါတယ်။ ဒီနေ့မှာတော့ Huawei ရဲ့ Twitter အကောင့်မှာ ဗီဒီယိုအတိုလေးတစ်ခုကို တင်ခဲ့တာဖြစ်ပြီး Hashtag အနေနဲ့ #aStepAhead ဆိုပြီးတော့ ရေးသားထားခဲ့ပါတယ်။ ဒီ Hashtag ဟာ Huawei ရဲ့ လာမယ့် နိုဝင်ဘာလ ၃ရက်နေ့ကို ရည်စူးထားကြောင်း တော်တော်ကို ရှင်းလင်းခဲ့ပါတယ်။


Kirin 960 ကို GPU လုပ်ဆောင်ချက်တွေ တိုးမြှင့်ထားတဲ့ အချက်ဟာ ယခင်ထွက်ဖူးတဲ့ မျိုးဆက်နဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဗီဒီယိုမှာဖော်ပြထားချက်အရ Kirin 950 နဲ့စာရင် Graphic Performance ဟာ ၁၈၀% အထိပိုမို တိုးတက်လာမှာ ဖြစ်ပါတယ်။ CPU ဟာဆိုရင်လည်း Cortex-A72 ကို အဆင့်မြှင့်ထားတဲ့ Cortex-A73 core ပါဝင်မှာ ဖြစ်ပါတယ်။

huawei-mate9-event1

Mate 9 ဖုန်းဟာ ဈေးတော့အတော်ကြီးမြှင့်လာဖွယ်ရှိနေပြီး၊ ဈေးအကြီးဆုံးဗားရှင်းက ဒေါ်လာ ၁၃၀၀ လောက်ကျသင့်ဖွယ်ရှိနေပါတယ်။ RAM အနေနဲ့ 4GB ဒါမှမဟုတ် 6GB အထိ ပါဝင်နိုင်ပြီး၊ Storage ကတော့ 64, 128 နဲ့ 256 သုံးမျိုးပါဝင်မှာပါ။ ကင်မရာကတော့ လက်ရှိလက်တွဲနေတဲ့ Leica ရဲ့ 4x optical zoom ပါဝင်တဲ့ ကင်မရာပဲ ဖြစ်ပါတယ်။

မျက်နှာပြင်အကျယ်ကတော့ ၅.၉လက်မရှိမှာပါ။ 1080p Display ရှိတဲ့ မော်ဒယ်အမျိုးအစားနဲ့ စတင်မှာ ဖြစ်ပြီး Mate 9 Pro ကတော့ QHD မျက်နှာပြင်ကွေး ပါဝင်မှာ ဖြစ်တယ်လို့ ကောလဟာလတွေ ထွက်ထားပါတယ်။


Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com