Huawei ဟာ လာမယ့် နှစ်ရက်အတွင်း ထုတ်လုပ်ဖို့ရှိနေတဲ့ Mate 9 ဖုန်းအတွက်
အချက်အလက်တချို့ကို တဖြည်းဖြည်းချင်း Tease လုပ်နေတဲ့အပြင် ယခုတစ်ဖန်လည်း
ဖုန်းအတွက် အသေးစိတ် ပုံရိပ်တစ်ချို့ကို သတင်းတွေမှာ ပေါက်ကြားလာခဲ့ပါတယ်။
သူတို့ရဲ့ အဓိက Flagship Phablet ဖုန်းအမျိုးအစားသစ်ကို လာမယ့် နိုဝင်ဘာ
သုံးရက်နေ့မှာ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။
Mate 9 ဖုန်းအတွက် တိကျသေချာတဲ့ ပုံရိပ်တွေလည်း နယ်သာလန်နိုင်ငံက သတင်းတစ်ရပ်ကနေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ပုံရိပ်တွေက တိကျပြတ်သားတဲ့ လက်ထဲမှာ ကိုင်ထားတဲ့ပုံရိပ်အနေနဲ့ ထွက်လာခဲ့တာကြောင့် သေချာသလောက်ရှိနေပါတယ်။ Huawei Mate 9 ဟာ ဘော်ဒီတစ်ခုလုံးကို သတ္တုနဲ့သာတည်ဆောက်ထားတာဖြစ်ပြီး ကုမ္ပဏီတံဆိပ်ကို ဖုန်းမျက်နှာပြင် အောက်ပိုင်းနားလောက်မှာ ထည့်သွင်းထားပါတယ်။
ပါဝါ/လော့ခ်နဲ့ အသံတိုး၊လျှော့ခလုတ်ကို ဖုန်းညာဘက်အခြမ်းမှာ ထည့်သွင်းထားတာဖြစ်ပြီး ဖြစ်နိုင်ခြေ အရတော့ SIM card tray ကို ဖုန်းဘယ်ခြမ်းမှာ နေရာချဖွယ်ရှိနေပါတယ်။
အဲ့ဒီအပြင် မျက်နှာပြင်အကျယ် ၅.၉လက်မအရွယ်နဲ့ ၅.၇လက်မအရွယ်ဆိုပြီး နှစ်မျိုးထုတ်လုပ် မှာဖြစ်တယ်လို့ ကောလဟလသတင်းတွေက ဆိုပါတယ်။ သတင်းရင်းမြစ်တွေအရ ဖုန်းကို Android 7.0 Nougat နဲ့ အလုပ်လုပ်မှာ ဖြစ်ပြီး ကုမ္ပဏီရဲ့ UI ဖြစ်တဲ့ EMUI နဲ့ တပ်ဆင်ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီအပြင် ကင်မရာရဲ့ ဆင်ဆာဟာလည်း Mate 9 ဖုန်းဟာ Leica နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ 20 MP နဲ့ 12 MP ကင်မရာနှစ်မျိုးကို ထည့်သွင်းလာမှာ ဖြစ်တယ်လို့ သိရပါတယ်။
ထပ်ပေါင်းသတင်းတွေအရ Mate 9 ဖုန်းဟာ ဘက်ထရီမှာ 4000mAh ဘက်ထရီ၊ Huawei ရဲ့ Kirin 960 64-bit octa-core Processor ကိုထည့်သွင်းထားမှာ ဖြစ်ကြောင်းလည်း ကုမ္ပဏီက Tease လုပ်ခဲ့ပြီး ဒီနေရာကိုနှိပ်ကာ ဖတ်ရှုနိုင်ပါတယ်။

www.pyaephyo.com