Google ၏ Pixel စမတ်ဖုန်းသစ်တွင် မြန်ဆန်သော AWS ကြိမ်နှုန်းများနှင့်
တွဲဖက်သုံးစွဲရန် ပြုလုပ် ထားသောကြောင့် အမေရိကမြောက်ဘက်နှင့် တောင်ဘက်မှ
Band 4 ချိတ်ဆက်ရာတွင် အဆင်မပြေမှုများ ရှိကြောင်း သိရသည်။ Google
၏ကိုယ်ပိုင်ဖိုရမ်များတွင် Band 4 LTE ကို Pixel နှင့်ချိတ်ဆက်ရာတွင်
ကြုံတွေ့သော ပြဿနာများကို သုံးစွဲသူများက ရေးသားထားသည်။
အဆိုပါ ပြဿနာမှာ Pixel သုံးစွဲသူတိုင်း မဖြစ်ပေါ်ဘဲ Band 4 LTE ရှိသော ဒေသနှင့် ကွန်ရက်အချို့တွင်သာ ကြုံတွေ့ရသည်။ Pixel နှင့် Pixel XL စမတ်ဖုန်းနှစ်မျိုးမှာ Band 4 LTE ချိတ်ဆက်ရာ၌ ပြဿနာရှိကြောင်း MobileSyrup ကဖော်ပြခဲ့သည်။ တစ်ခါတစ်ရံတွင် လှိုင်းများကို မိနစ်အနည်းငယ်မျှ ချိတ်ဆက်မိသော်လည်း အခြားအချိန်များတွင် reboot ပြန်လည်ပြုလုပ်ရန် လိုအပ်သည်။
ထိုပြဿနာမှာ software သို့မဟုတ် hardware တစ်ခုခုကြောင့် ဖြစ်ပေါ်ကြောင်း ရှင်းလင်းစွာ မသိရသေးပေ။ Pixel သုံးစွဲသူတချို့အနေဖြင့် ကွန်ရက်များတွင် Band 4 LTE နှင့်ချိတ်ဆက်ရာတွင် ပြဿနာများ ရှိကြောင်း ၊ ကုမ္ပဏီအနေဖြင့် အဆိုပါကိစ္စကို စုံစမ်းလျက်ရှိကြောင်း Google မှ အတည်ပြုထုတ်ပြန်သွားခဲ့သည်။
Credit to ==> Internet Journal

www.pyaephyo.com