11/05/2016

♪ Android လောကရဲ့ ဆရာတစ်ဆူဖြစ်လာဦးမယ့် Huawei Mate 9 ဖုန်းထွက်ရှိ ♫


တရုတ်စမတ်ဖုန်းကုမ္ပဏီ Huawei ဟာ သူတို့ရဲ့ နောက်ဆုံးပေါ် အဓိကစမတ်ဖုန်းအမျိုးအစား တစ်မျိုးဖြစ်တဲ့ Mate 9 ဖုန်းကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ ဟန်ဆက်အနေနဲ့ ကုမ္ပဏီရဲ့ နောက်ဆုံးပေါ်ထိပ်တန်းပစ္စည်းလို့လည်း ပြောနိုင်ပြီး၊ P9 ဟန်းဆက်တွေရဲ့ အပေါ်မှာတောင် ရပ်တည်နိုင်မယ့် အမျိုးအစားအဖြစ် အားလုံးက အသိအမှတ်ပြုထားတာပါ။

Mate 9 ဖုန်းဟာ ယခင်ကောလာဟလတွေထွက်ရှိခဲ့တဲ့အတိုင်း မျက်နှာပြင်အကျယ်၊ 5.9လက်မအရွယ် full HD display, 4,000 mAh ဘက်ထရီ, Fingerprint Sensor, ကျောဘက်ကင်မရာနှစ်လုံးတွဲစနစ်၊ USB Type-C, 4GB RAM နဲ့ Huawei ပိုင်ဆိုင်တဲ့ Kirin 960 processor တို့ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ သတင်းတွေအတိုင်းပဲ ဒီဇိုင်းက အဆင့်မြှင့်ပြီး တောင့်တင်းသပ်ရပ်တဲ့Metal Unibody ဒီဇိုင်းကို အခြေခံထားတာ ဖြစ်ပါတယ်။
huawei-mate9-3
အဲ့ဒီအပြင် Huawei နောက်ထပ် Mate 9 ဖုန်းရဲ့ Luxury Device အနေနဲ့ “Porsche Design Mate 9” လို့နာမည်ပေးထားတဲ့ RAM ပမာဏကို 6GB အထိ တိုးမြှင့်ထားပြီး Storage 256GB (သာမန် Mate 9 မှာ 64GB Storage) နဲ့ Screen Resolution 2K ရုပ်ထွက်ရှိမယ့် Limited Edition Mate 9 ဖုန်းကိုလည်း ထုတ်လုပ်ဦးမှာ ဖြစ်ပါတယ်။
huawei-mate9-porsche-design1
အဲ့ဒီဖုန်းဟာ မျက်နှာပြင်အကျယ်ကို ၅.၅လက်မအရွယ် ထားရှိပြီး Samsung Galaxy Edge Series တွေလိုမျိုး မျက်နှာပြင်နှစ်ဖက်ကို ကွေးထားတာကြောင့် Huawei အနေနဲ့ ဒေါ်လာ ၁၅၅၀ တန်ကြေးရှိမယ့် Porsche Design Mate 9 နဲ့ Mainstream ဈေးကွက်ကို ယှဉ်ပြိုင်နေလိုဟန်ရှိပါတယ်။
huawei-mate9-porsche-design3
သာမန် Mate 9 ဖုန်းရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၇၇၆ ရှိမှာဖြစ်ပါတယ်။ ပစ္စည်းသစ်ကို လက်ရှိမှာ ဥရောပနဲ့ အာရှဒေသအချို့မှာ ထုတ်လုပ်မှာဖြစ်ပြီး၊ မကြာခင်မှာ Mate 9 ကို အမေရိကနဲ့ တခြားဒေသတွေအတွက် ထုတ်လုပ်ဖို့အတွက် Huawei ကရည်ရွယ်ထားကြောင်း သိရပါတယ်။ Huawei ဟာ ဒီဖုန်းကို သူတို့စိုးမိုးထားတဲ့ အာရှဒေသတွေသာမက ဥရောပနဲ့ အမေရိကအထိ လွှမ်းမိုးနိုင်ဖို့အတွက်ရည်ရွယ်ထားပါတယ်။
Mate 9 သာမန်ဖုန်းနဲ့ Porsche Design Mate 9 ဖုန်းမှာ ကွဲပြားခြားနားမှုတွေတော်တော်ပါဝင်ပြီး၊ မျက်နှာပြင်အရွယ်အစား၊ မျက်နှာပြင်ကွေးထားတဲ့ ပုံစံတွေအပြင်၊ ကင်မရာအထားအသိုနဲ့ Fingerprint Sensor နေရာတွေဟာလည်း ပြောင်းလဲသွားတာကို တွေ့ရမှာပါ။
huawei-mate9-porsche-design2
Mate 9 ဟာ Android 7.0 Nougat စနစ်နဲ့ အလုပ်လုပ်မှာဖြစ်ပြီး EMUI နဲ့ထပ်အုပ်ထားတာပါ။ UI အနေနဲ့ ယခင်ထွက်ထားတဲ့ EMUI ထက်ပိုမိုကောင်းမွန်လာတာကို တွေ့ရပါတယ်။
အဲ့ဒီအပြင် ကုမ္ပဏီက Machine Learning Power System အပါအဝင်၊ Software တချို့ကိုလည်း ထပ်မံထည့်သွင်းထားကြောင်း ပြောကြားခဲ့ပြီး  သင့်အနေနဲ့ ဖုန်းကိုဘယ်လိုအသုံးပြုသလဲဆိုတာကို ကြည့်ပြီး ဖုန်းရဲ့ ပါဝါလုပ်ငန်းနဲ့ ပါဝါခွဲဝေပေးတဲ့ လုပ်ဆောင်ချက်တွေကို ပြောင်းလဲထိန်းညှိသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Mate 9 ဖုန်းဟာ သင်သုံးနေတဲ့ ဖုန်းတွေရဲ့ ဘယ်ဖုန်းမဆိုထက် ပိုမိုမြန်ဆန်လာမှာ ဖြစ်ကြောင်း Huawei ကကတိပေးခဲ့ပြီး Android ဖုန်းတွေရဲ့ လုပ်ဆောင်ချက်အားလုံးနဲ့ ကွဲပြားနေမှာ ဖြစ်ကြောင်းဆိုပါတယ်။
ဖုန်းကို နာရီပေါင်းတစ်သောင်းကြာ ဆက်တိုက်အသုံးပြုထားတာတောင် သာမန်ဖုန်းတွေရဲ့ Performance တွေထက် ၈ရာခိုင်နှုန်းသာလွန်နေတာကို လက်တွေ့စမ်းသပ်ချက်အရ သိရှိရကြောင်း ကုမ္ပဏီက ဆိုပါတယ်။
အဲ့ဒီအပြင်ဘက်ထရီပိုင်းမှာဆိုရင်လဲ 4000 mAh ရှိတဲ့ ဘက်ထရီဟာ နာရီဝက်အတွင်း ၅၈ရာခိုင်နှုန်းအထိရောက်အောင် အားသွင်းနိုင်ပြီး တစ်ရက်ကျော်ကြာ အသုံးပြုနိုင်တယ်လို့ စမ်းသပ်ချက်တွေအရသိရပါတယ်။
  huawei-mate-9-launch-7
အဲ့ဒီအပြင် ကင်မရာပိုင်းမှာဆိုရင်လည်း P9 ဖုန်းလိုမျိုး ကျောဘက်ကင်မရာ နှစ်လုံးတွဲစနစ်ကို အသုံးပြုထားပြီး Leica ရဲ့ Branding ကိုသာအသုံးပြုထားတာကြောင့် ကင်မရာပိုင်းကတော့ အတော်ကောင်းမွန်နေမှာကို တွေ့ရမှာပါ။ မီဒီယာတွေကတော့ Mate 9 အနေနဲ့ Google Pixel နဲ့ iPhone တို့ကို ယှဉ်နိုင်တဲ့ ကင်မရာအရည်အသွေးရှိကြောင်း ဆိုကြပါတယ်။
Specs and features
  • USB-C charging port
  • Four microphones for active noise cancellation during calls
  • Infrared blaster for controlling TVs
  • 5mm headphone jack
  • 4,000mAh battery with fast charging
  • Fingerprint scanner
  • 64GB storage
  • 4GB RAM


Credit to ==> Digital Times
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com