7/16/2015

♪ WeChat အတွက် Tips and Tricks ဆယ်ခု ♫

15

တစ်ခြား Messenger တွေမှာ မပါတဲ့ စိတ်ဝင်စားစရာစွမ်းဆောင်ချက်တွေ WeChat မှာ ပါရှိနေပါတယ်။ သူ့မှာ Facebook လို ဓါတ်ပုံ၊ ဗီဒီယိုနဲ့ စတေးတပ်တွေ တင်ပြီး သူငယ်ချင်းတွေနဲ့ မျှဝေနိုင်တဲ့ Moments လို့ ခေါ်တဲ့ စွမ်းဆောင်ချက်လည်း ပါရှိပါတယ်။ သူငယ်ချင်းတွေတစ်ယောက်နဲ့ သာမက အများနဲ့ အတူတကွ စကားပြောနိုင်တဲ့ Group Chat လည်းပါရှိပါတယ်။ WeChat ကို Mobile App မှာသာမက ၀က်ဆိုက်မှာလည်း အသုံးပြုလို့ရပါသေးတယ်။ ကမ္ဘာအ၀န်းမှ အသုံးပြုသူများနဲ့ Random စကားပြောနိုင်တဲ့ Social Features တွေက ဆန်းသစ်ပါတယ်။

ဒီတစ်ပတ် App User Guide ကဏ္ဍမှာတော့ WeChat ကို အသုံးပြုနည်းကို ရေးပေးမှာ ဖြစ်ပေမယ့် အခြေခံ အသုံးပြုနည်းတွေဖြစ်တဲ့ အကောင့်ပြုလုပ်တာ၊ သူငယ်ချင်းတွေ ရှာဖွေတာ၊ ဓါတ်ပုံ၊ ဗီဒီယိုတွေ ပေးပို့တာတို့ကို မရေးတော့ဘဲ ထူးခြားတဲ့ Tips and Tricks များကိုသာ ရေးပေးလိုက်ပါတယ်။

၁။ Moments ကို တွေ့မြင်နိုင်မယ့် သူငယ်ချင်းအုပ်စုကို ရွေးချယ်ပါ။
Moments မှာ စတေးတပ်၊ ဓါတ်ပုံ တင်ရင် တွေ့မြင်စေချင်တဲ့ သူငယ်ချင်း အုပ်စုကို ရွေးချယ်နိုင်ပါတယ်။ Discover>Moments ကိုသွားပါ။ ထိပ်ရှိ ကင်မရာအိုင်ကွန်ကို နှိပ်ပြီး Take Photo or Choose Photo ကိုရွေးပါ။ ဓါတ်ပုံရေးပြီးသွားရင် Sharing Screen မှာ Share to ကို တစ်ချက်နှိပ်ပါ။ Share To Screen ရောက်ရင် Share List ကို တစ်ချက်နှိပ်ပြီး သူငယ်ချင်းတွေကို ရွေးပေးပြီး အိုကေ နှိပ်ပါ။ နောက်အဆင့်မှာ အဖွဲ့ သို့မဟုတ် အုပ်စုရဲ့ အမည်ကို သတ်မှတ်ပေးပြီး Save လုပ်ပါ။ Sharing Screen ပြန်ရောက်ရင် ပြုလုပ်ထားတဲ့ အုပ်စုမှာ အမှန်ခြစ်ပေးပြီး Share လုပ်နိုင်ပါတယ်။

1

Share To Screen မှ Do Not Share List မှာ မမျှဝေချင်တဲ့ သူငယ်ချင်း အုပ်စုကို ရွေးချယ်နိုင်ပါတယ်။ Sharing Screen မှ Mention ကဏ္ဍမှာ Mention ခေါ်ချင်တဲ့ သူငယ်ချင်းတွေကို သတ်မှတ်နိုင်ပါတယ်။

2
3
 
၂။ Group Chat မှ အဖွဲ့ဝင်တစ်ယောက်ရဲ့ နာမည်ကို ရိုက်ဖို့ @ ကို သုံးပါ။
Group Conversation တစ်ခု ပြုလုပ်နေစဉ်မှာ အဖွဲ့မှာ ပါဝင်တဲ့ လူတစ်ယောက်ရဲ့ နာမည်ကို ရိုက်ချင်ရင် @ ကို အသုံးပြုနိုင်ပါတယ်။ @ ကို နှိပ်လိုက်တာနဲ့ အဖွဲ့ဝင်အားလုံးကို ပြသပေးမှာ ဖြစ်ပြီး နှစ်သက်ရာလူကို လျှင်မြန်စွာ ရွေးချယ်နိုင်ပါတယ်။ အဲဒီအတွက် အဖွဲ့ဝင်ရဲ့ နာမည်ကို စာရိုက်စရာမလိုတော့ပါဘူး။

4

၃။ လူနှစ်ယောက် မျှဝေထားတဲ့ ဓါတ်ပုံများ အားလုံးကို ကြည့်ပါ။
သင်နဲ့ သူငယ်ချင်းတစ်ယောက် မျှဝေထားတဲ့ ဓါတ်ပုံအားလုံးကို တစ်နေရာထဲကနေ ကြည့်ဖို့ WeChat က ပြုလုပ်ပေးထားပါတယ်။ Chat Room တစ်ခုထဲကို ၀င်ပြီး မျှဝေထားတဲ့ ဓါတ်ပုံတစ်ခုကို နှိပ်ပါ။ ဘယ် သို့မဟုတ် ညာဘက်သို့ ပွတ်ဆွဲပြီး ဓါတ်ပုံများကို ပြောင်းလဲကြည့်နိုင်ပါတယ်။ အောက်ခြေမှ အိုင်ကွန် ကို နှိပ်ရင် Album တစ်ခုလုံးကို မြင်နိုင်ပါတယ်။

5
 
၎။ စကားလုံးများကို အသုံးပြုပြီး Confetti များကို ကြည့်ရှုပါ။
Chat Room တစ်ခုမှာ Confetti များကို အသုံးပြုရင် ဆန်းသစ်တဲ့ အတွေ့အကြုံကို ရရှိစေမှာပါ။ Confetti ဆိုတာကတော့ မင်္ဂလာဆောင်တွေမှာ မင်္ဂလာမောင်နှံပေါ်ကို ကြဲချတဲ့ ရောင်စုံ စာရွက်အပိုင်း အစလေးများ ဖြစ်ပါတယ်။ Chat Room တစ်ခုမှာ အောက်ပါ စကားလုံးများကို ရိုက်ပြီး ပို့ရင် စကရင်ရဲ့ အပေါ်ကနေ ရောင်စုံ စာရွက်အပိုင်းအစလေးများ ကျလာမှာကို မျက်စိပသာဒဖြစ်စရာ တွေ့နိုင်မှာပါ။

6
• Happy New Year
• Merry Christmas
• Happy Easter
• Train
• Money
• Birthday
• Miss You
• Flower

၅။ Chat Notification များကို စီမံခန့်ခွဲပါ။
Conversation တစ်ခုအတွက် Notification များကို မရချင်ရင် Chat Room ရဲ့ ညာဘက်အပေါ်ထောင့်မှ Chat Information Icon ကို နှိပ်ပါ။ Mute Notification ကို On ပေးပါ။

7

အချိန်အတိုင်းအတာ တစ်ခုအတွင်း Notification များကို မရချင်ရင် WeChat ရဲ့ Home Screen ကနေ Me ထဲသွားပါ။ Settings ထဲမှ Do Not Disturb ကို On ပေးပြီး အချိန်ကာလ သတ်မှတ်ပေးပါ။

8

၆။ Web Site မှ WeChat ကို အသုံးပြုပါ။
အခြား Messaging App တွေထက်ထူးခြားတဲ့ WeChat ရဲ့ စွမ်းရည်တစ်ခုက ကွန်ပြူတာမှာ WeChat ကို အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ Program တွေကို ဒေါင်းလုပ်လုပ်စရာမလိုဘဲ web.wechat.com ကို ဒတ်စတော့ ဘရောက်စာကနေ သွားရောက်အသုံးပြုပါ။

ဝက်ဆိုက်ရောက်ရင် သင့်ဖုန်းမှ WeChat ကိုဖွင့်ပြီး ညာဘက်အပေါ်ထောင့်မှ အပေါင်းလက္ခဏာ အိုင်ကွန်ကို နှိပ်ပါ။ Scan QR Code ကို နှိပ်ပြီး ၀က်ဆိုက်မှ QR Code ကို Scan လုပ်ပါ။ WeChat App မှ Enter ကို နှိပ်ပါ။ ဒါဆိုရင် ၀က်ဆိုက်မှာ သင့်ရဲ့ Contacts တွေနဲ့ စကားပြောနိုင်ပါပြီ။

9

၇။ ဖုန်းနဲ့ ကွန်ပြူတာကြားမှာ ဖိုင်များပေးပို့ပါ။
ကွန်ပြူတာကနေ သင့်ရဲ့ ဖုန်း၊ ဖုန်းကနေ ကွန်ပြူတာထံသို့ ဖိုင်များ အပြန်အလှန် ပေးပို့ဖို့အတွက် WeChat က ပြုလုပ်ပေးထားပါတယ်။ 10MB ထက်မကျော်တဲ့ ဖိုင်များ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ WeChat App ရဲ့ Chats ကဏ္ဍမှ File Transfer ထဲကနေ ပေးပို့နိုင်ပါတယ်။ ၀က်ဆိုက်မှာလည်း File Transfer ကို တွေ့မြင်နိုင်ပါတယ်။

10

PDF, MP3, MOV, DOCX နဲ့ PPT တို့လို MS Office Document များကို ပေးပို့နိုင်ပါတယ်။ ဓါတ်ပုံတွေကိုလည်း ပေးပို့နိုင်ပါတယ်။

၈။ Moments မှာ Text တွေကို မျှဝေပါ။
Moments မှာ ဓါတ်ပုံများကိုသာ မျှဝေခွင့် ပြုထားပေမယ့် WeChat ရဲ့ စမ်းသပ်ဆဲ စွမ်းဆောင်ချက်ကို အသုံးပြုပြီး Text များကို မျှဝေနိုင်ပါတယ်။ Moments ထဲသွားပြီး ကင်မရာ အိုင်ကွန်ကို ဖိထားရင် Text များကို မျှဝေနိုင်ပါပြီ။

11
 
၉။ WeChat ရဲ့ Social Feature များကို အသုံးပြုပါ။
WeChat မှာ အခြား ပြိုင်ဖက် Messaging Apps များမှာ မပါတဲ့ Social Feature စွမ်းဆောင်ချက်များပါရှိပါတယ်။ ကမ္ဘာတစ်ဝန်းမှ WeChat အသုံးပြုသူအချင်းချင်း Random စနစ်နဲ့ စကားပြောနိုင်မှာပါ။

People Nearby
Home Screen ကနေ Discover ထဲသွားပြီး People Nearby ကို နှိပ်ပါ။ Location ကို ဖွင့်ပေးပါ။ ဒါဆိုရင် သင့်အနီးအနားမှာ ရှိတဲ့ WeChat User တွေကို ပြသပေးမှာပါ။

12

ညာဘက်အပေါ်ထောင့်မှ ဒေါင်လိုက် အစက်သုံးစက်ကို နှိပ်ပြီး အမျိုးသားသီးသန့်၊ အမျိုးသမီးသီးသန့် ခွဲခြား ရှာဖွေနိုင်ပါတယ်။ ဒီစွမ်းဆောင်ချက်ကို အသုံးပြုရင် သင့်ကိုလည်း အနီးအနားမှ လူတွေက ရှာဖွေနိုင်မှာပါ။ အဲဒီအတွက် အသုံးပြုပြီးရင် Clear Location ကို နှိပ်ပေးပါ။

13
 
Shake
Discover အောက်မှ Shake က တစ်ကမ္ဘာလုံးမှ ကြုံရာလူတွေနဲ့ စကားပြောစေနိုင်မှာ ဖြစ်ပါတယ်။ Shake ထဲသွားပြီး ဖုန်းကို လှုပ်ခါပေးရင် အခြား Shake ပြုလုပ်နေသူတစ်ဦးကို ပြသပေးမှာ ဖြစ်ပြီး မိတ်ဆွေဖွဲ့နိုင် ပါတယ်။

14

Drift Bottle
ဒါဟာလည်း ပျော်စရာကောင်းတဲ့ နောက်ထပ် စွမ်းဆောင်ချက်တစ်ခုပါ။ သင်ပြောချင်တဲ့ စကားကို ပုလင်းထဲထည့်ပြီး ပင်လယ်ထဲ မျှောနိုင်ပါတယ်။ ကမ္ဘာတစ်ဝန်းမှ WeChat သုံးသူတစ်ယောက်က Pick Up လုပ်ရင် သင့်ရဲ့ စာကို ဖတ်ရမှာပါ။ အလားတူပဲ သင်က Pick Up လုပ်ရင် အခြားလူတစ်ယောက် Throw ထားတဲ့ စာကို ဖတ်ရမှာဖြစ်ပါတယ်။ စာသား သို့မဟုတ် အသံဖိုင်ကို ပေးပို့နိုင်ပါတယ်။

15

၁၀။ သူငယ်ချင်းများက WeChat မှာ သင့်ကို လွယ်ကူစွာ ရှာဖွေနိုင်အောင် ပြုလုပ်ပေးပါ။
WeChat မှာ မိတ်ဆွေဖြစ်ချင်ရင် သင့်ရဲ့ ဖုန်းနံပါတ်ကို ပေးစရာမလိုပါဘူး။ အခြားနည်းလမ်း ၂ ခုရှိပါတယ်။

WeChat ID
WeChat ID က User Name တစ်ခုလိုပါပဲ။ ID ကို တစ်ကြိမ်သာ သတ်မှတ်နိုင်ပြီး ပြင်ဆင်ခွင့်မရှိတာကို သတိပြုပါ။ Settings> My Account ထဲမှာ WeChat ID ပြုလုပ်နိုင်ပါတယ်။ ID ကို သူငယ်ချင်းထံ ပေးပို့ရင် WeChat မှာ သူငယ်ချင်းက သင့်ကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။

QR Code
Main Screen ကနေ Me ကဏ္ဍထဲသွားရင် သင့်ရဲ့ နာမည်နဲ့ ID ရဲ့ ညာဘက်မှာ QR Code Icon ကို တွေ့ရမှာပါ။ အိုင်ကွန်ကို နှိပ်ရင် သင့်ရဲ့ QR Code ကို ပြပေးမှာ ဖြစ်ပြီး သူငယ်ချင်းက သင့်ရဲ့ QR Code ကို WeChat App ကနေ Scan လုပ်ခြင်းဖြင့် သင့်ကို မိတ်ဖွဲ့နိုင်ပါတယ်။ QR Code ကို Screenshot ရိုက်ပြီး Gallery ထဲမှာလည်း သိမ်းနိုင်ပါတယ်။

16

Credit to ==> Myanmar DigitalLife Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com