မိုဘိုင်းဖုန်းအသုံးပြုမှု
ဖွံ့ဖြိုးလာခြင်းတွင် မြန်မာ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် နှင့်
ဗီယက်နမ်တို့သည် ၂၀၁၅ ခုနှစ် ပထမလေးလအတွင်း တစ်ကမ္ဘာလုံး အတိုင်းအတာ၌
ထိပ်တန်းမှရပ်တည်နေသော နိုင်ငံများအဖြစ် ပါဝင်နေကြောင်း Ericsson Myanmar
မှ သတင်းထုတ်ပြန်သည်။
“လက်ရှိ အရှေ့တောင်အာရှနဲ့ သမုဒ္ဒရာ ကျွန်းနိုင်ငံတွေမှာ သုံးနေကြတဲ့ ဟန်းဆက်တွေရဲ့ ၂၅ ရာခိုင်နှုန်းက စမတ်ဖုန်းတွေပါ၊ ကျွန်တော်တို့ ခန့်မှန်းတာကတော့ အဲဒီဒေသတွင်းမှာ ၂၀၂၀ မရောက်ခင် စမတ်ဖုန်းသုံးစွဲမှုက သုံးဆလောက် မြင့်မားလာပြီး သန်း ၈၀၀ လောက်ထိ ရှိသွားမယ်လို့ ယူဆပါတယ်” ဟု Ericsson ၏ အရှေ့တောင် အာရှနှင့် သမုဒ္ဒရာ ကျွန်းနိုင်ငံများဆိုင်ရာ တာဝန်ရှိသူ Sam Saba က ပြောသည်။
စမတ်ဖုန်းအသုံးပြုမှုနှင့် ပတ်သက်၍ Ericsson မှ စစ်တမ်းကောက်ယူမှုအရ ထိုကဲ့သို့ ထုတ် ပြန်ပြောကြားခြင်းဖြစ်ကြောင်း သိရသည်။ ဒေသတွင်း မိုဘိုင်းဖုန်း အသုံးပြုမှု၏ ၂၅ ရာခိုင်နှုန်းခန့်ကို LTE စနစ် အသုံးပြုမှုက အစားထိုး ဝင်ရောက်လာမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
Ericsson ၏ တိုင်းတာချက်များအရ လူမှုဆက်သွယ်ရေးကွန်ရက်၊ စာတိုပို့စနစ်၊ အင်တာနက်မှ ဗီဒီယို ကြည့်ရှုခြင်းတို့မှာ အဆိုပါဒေသများ၌ စမတ်ဖုန်းသုံးစွဲမှုကို လွှမ်းမိုးထားပြီး သုံးစွဲသည့် Application များမှာ ဈေးကွက်အလိုက် ကြိုက်နှစ်သက်မှုကွာခြားသည် ဟုဆိုသည်။
အရှေ့တောင်အာရှနှင့် သမုဒ္ဒရာ ကျွန်းနိုင်ငံများရှိ မိုဘိုင်းဖုန်းသုံးစွဲမှု၏ သုံးပုံနှစ်ပုံမှာ ၂၀၂၀ ခုနှစ်မတိုင်မီ စမတ်ဖုန်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ SMS၊ အင်တာနက်မှ ဗီဒီယိုကြည့်ရှုခြင်းတို့တွင် စမတ်ဖုန်းကို ပိုမိုအသုံးပြုမည်ဖြစ်ပြီး ထိုစစ်တမ်းကောက်ယူထားသော နိုင်ငံများ၌ Facebook နှင့် YouTube တို့မှာ ထိပ်တန်းမိုဘိုင်း Application များအဖြစ် ဆက်လက်တည်တံ့နေဦးမည် ဟုပြောကြားထားသည်။

Ref;internetjournal
Thiha Htike(THT)
thihahtike.it@gmail.com
ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
++++++++++++++++++++++++++++++++++++++++++++
ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D
ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ)
Welcome From My Blog
Welcome From My Facebook Group
Welcome From My Facebook Page

အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။