3/31/2017

♪ " Amazon တွင် ဈေးသက်သာသောဖုန်းများကို ပိုမိုမြင်ကြရမည် " ♫

Image may contain: phone and screen

Amazon သည် ဈေးသက်သာသော budget ဖုန်းများကို ပို၍ဈေးလျော့ချရန် ပြင်ဆင်လျက်ရှိကြောင်း သိရ သည်။ ဈေးသက်သာသောဖုန်းများ ရောင်းချပေးသည့်အစီအစဉ်ဖြစ်သော Prime Exclusive Phones များကို ဆက်လက်လုပ်ဆောင်သွားမည်ဟုဆိုပြီး device နှစ်ခုကို ထပ်မံပေါင်းထည့်ပေးခဲ့သည်။

Prime သုံးစွဲသူများအနေဖြင့် US တွင် Motorola Moto G5 Plus ကို 185$ ဖြင့် ကြိုတင်မှာယူနိုင်မည်ဖြစ်ပြီး အနည်းဆုံး 45 ဒေါ်လာ ဈေးသက်သာမည်ဖြစ်ကာ Alcatel A 30 ကို $60 တည်းဖြင့် ၀ယ်ယူနိုင်မည်ဖြစ်သည်ဟု Amazon က ဆိုခဲ့သည်။ ယခင်ကရှိခဲ့သောဖုန်းသုံးလုံးမှာ Blu R1 HD, Moto G4 နှင့် Moto G4 Play တို့ဖြစ်ပြီး ယခုအခါ အသစ်နှစ်လုံး ထပ်၍တိုးလာခဲ့ခြင်းဖြစ်သည်။ အဆိုပါလျော့ဈေးများသည် Amazon Prime member များအတွက်သာ သီးသန့်ဖြစ်ပြီး devices ၏ lock screen တွင် Amazon မှ ကြေညာများတင်ခဲ့ခြင်းကြောင့် ယခုလိုဈေးလျော့ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

 ကြေညာမလိုချင်သူများနှင့် Prime member မဟုတ်သူများအနေနှင့်မူ Amazon မှတစ်ဆင့် ဈေးအပြည့်ပေးကာ ၀ယ်ယူရမည်ဖြစ်သည်။ Amazon သည် ဖုန်းကို ကိုယ်တိုင်ထုတ်လုပ်ခြင်းမရှိဘဲ ကြေညာထောက်ပံ့သည့် ဖုန်းများနှင့် Amazon apps များကိုသုံးကာ ထိုဈေးကွက်ကို နေရာယူလျက်ရှိသည်။ Amazon ၏ voice assistant Alexa ကိုလည်း Huawei Mate 9 တွင် ထည့်သွင်းပေးထားခဲ့သည်။ 



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com