4/01/2015

♪ တန်ဖိုး - ၁၃၃,၀၀၀ ကျပ် Lenovo A3500 ရဲ့ အားသာချက် အားနည်းချက် အသေးစိတ်ဖော်ပြချက်များ ♫


တန်ဖိုး - ၁၃၃,၀၀၀ ကျပ်

အားသာချက် - SIM Card ထည့်သွင်း အသုံးပြုနိုင်တဲ့အတွက် ခရီးသွားလာလေ့ ရှိသူများ အလွယ်တကူ သယ်ယူပြီး Mobile Data ကို သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည် ကောင်းမွန်ပြီး ပါးလွှာတဲ့ ဒီဇိုင်းနဲ့ ဖွဲ့စည်းတည်ဆောက် ထားတာကိုလည်း တွေ့မြင်ရမှာဖြစ်သလို၊ ဈေးနှုန်းကလည်း သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ဝယ်ယူအသုံးပြု နိုင်မှာဖြစ်ပါတယ်။

အားနည်းချက် - ကင်မရာပိုင်းမှာ Megapixel အမြင့်မားကြီး မဟုတ်ဘဲ ပုံမှန်အသုံးပြု နိုင်လောက်စေ ရန်သာ ထည့်သွင်းပေးထားပါတယ်။ နည်းပညာ ပိုင်းမှာလည်း ထူးခြားတဲ့ နည်းပညာသစ်တွေ ပါဝင်လာ တာကို တွေ့ရမှာတော့ မဟုတ်ပါဘူး။


သုံးသပ်ချက် - Lenovo A3500 ဟာ သပ်ရပ်တဲ့ ဒီဇိုင်းပုံစံနဲ့ ဖွဲ့စည်းထားတာကို တွေ့မြင်ရမှာဖြစ်ပြီး၊ Speaker ကိုလည်း မျက်နှာပြင်အထက်ပိုင်းမှာ တပ်ဆင်ထားပါတယ်။ ရုပ်ထွက်အရည်အသွေး ကောင်း မွန်အောင် အထောက်အပံ့ ပေးထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ Screen အရွယ်အစားကတော့ ၇ လက်မရှိမြှာ ဖစ်ပါတယ်။

အသေးစိတ်ဖော်ပြချက် - Quad Core Processor ကိုအသုံးပြုထားပြီး Processor ရဲ့အမြန်နှုန်းကတော့ 1.3 GHz ရှိမှာဖြစ်ပါတယ်။ RAM ကို 1GB ထည့်သွင်းပေးထားပြီး၊ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 8GB ပမာဏရှိတဲ့ Storage ပါဝင်မှာ ဖြစ်ပါတယ်။ GSM Sim Card ကို ထည့်သွင်း အသုံးပြုနိုင်ရန်အတွက် စီစဉ်ဖန်တီး ပေးထားပါတယ်။ Micros SD Card ကို 32GB အထိ အထောက်အပံ့ ပေးနိုင်မှာဖြစ်ပါတယ်။ Tablet ကို အသုံးပြုနိုင်ဖို့အတွက် အသုံးပြုထားတဲ့ System ကတော့ Android 4.2.2 ဖြစ်တဲ့ Jelly Bean Version ကို အသုံးပြုထားပါတယ်။ IPS Capacitive Touchscreen ကို အသုံးပြုထားပြီး Resolution ကတော့ 1280 x 800 resolution ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ Dual Camera ကိုအသုံးပြုထားပြီး အနောက်ဘက် ကင်မရာမှာ 5 Megapixels ရှိမှာဖြစ်ပါတယ်။ အရှေ့ဘက် ကင်မရာကတော့ 2 Megapixels ရှိမှာဖြစ်ပါတယ်။ ဘက်ထရီပိုင်းမှာ 3500mAh အသုံးပြုထားပါတယ်။

ဒီဇိုင်း - ရိုးရှင်းတဲ့ ဒီဇိုင်းသွင်ပြင်နဲ့ Lenovo A3500 ဟာ စွဲမက်ဖွယ်ဒီဇိုင်း ရှိမှာဖြစ်ပါတယ်။ အနက်ရောင်ကို အသုံးပြုထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဆက်သွယ်ဝယ်ယူ နိုင်မည့်လိပ်စာ - T-Land IT, Digital & Mobile
ဆက်သွယ်နိုင်မည့်ဖုန်း - ၃၉၈၃၄၃

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com