4/29/2015

♪ Dell Venue 7 Tablet ရဲ့ အားသာချက် အားနည်းချက် သုံးသပ်ချက်နှင့် အသေးစိတ်ဖော်ပြချက်များ ♫


တန်ဖိုး - ကန်ဒေါ်လာ ၁၅၉

အားသာချက် - ဒေါ်လာ ၂၀၀ အောက် Tablet အမျိုးအစား တစ်ခုဖြစ်ပြီး၊ Screen Size ၇ လက်မလောက် နဲ့ အသုံးပြုနိုင်မယ့် Tablet အမျိုးအစား တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Micro SD Card ကိုလည်းတိုးချဲ့ အသုံးပြုနိုင် စေဖို့အတွက် စီစဉ်ပေးထား တာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အားနည်းချက် - App တွေကို Download ပြုလုပ်တဲ့ အချိန်မှာတော့ ဒီ Tablet ဟာ အလုပ်လုပ်ဆောင် ချက် အနည်းငယ် နှေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Tablet ရဲ့ သွင်ပြင်ကလည်း စွဲဆောင်မှု ရှိလောက်အောင် ဖန်တီးထားတာမျိုး မရှိတာကို တွေ့ရပါမယ်။

သုံးသပ်ချက် - ဈေးနှုန်းနဲ့ ညီမျှတဲ့ Hardware ပိုင်းကို အသုံးပြုထားပြီး အရွယ်အစားကလည်း သွားလေရာ အလွယ်တကူနဲ့ သယ်ယူသွားနိုင်တဲ့ Tablet အရွယ်အစားမျိုးလည်း ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းသုံး များအတွက်တော့ သင့်တော်တဲ့ Tablet တစ်လုံးလည်း ဖြစ်ပါတယ်။


အသေးစိတ်ဖော်ပြချက် - Dual Core Processor ကို အသုံးပြုထားပြီး Processor ရဲ့ အမြန်နှုန်းကတော့ 1.6 GHz ရှိမှာ ဖြစ်ပါတယ်။ RAM ကို2GB ထည့်သွင်းပေးထားပြီး၊ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 16GB ပမာဏရှိတဲ့ Storage ပါဝင်မှာဖြစ်ပါတယ်။ Micros SD Card ကို 32GB အထိ အထောက်အပံ့ ပေးနိုင်မှာ ဖြစ်ပါတယ်။ Tablet ကို အသုံးပြုနိုင်ဖို့အတွက် အသုံးပြုထားတဲ့ System ကတော့ Android 4.2.2 ဖြစ်တဲ့ Jelly Bean Version ကို အသုံးပြုထား ပါတယ်။ IPS LCDCapacitive Touchscreen ကို အသုံးပြုထားပြီး Resolution ကတော့ 1280 x 800 resolution ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ အရှေ့ဘက် ကင်မရာ တစ်လုံးထဲသာ ပါဝင်မည်ဖြစ်ပြီး 3.15 Megapixels သာရှိမှာ ဖြစ်ပါတယ်။ ဘက်ထရီကတော့ Li-Ion ဘက်ထရီကို အသုံးပြုထားပြီး ဘက်ထရီ သိပ်သည်းဆကတော့ 4100mAh ရှိမှာဖြစ်ပါတယ်။

ဒီဇိုင်း - Dell Venue 7 ဟာ Non Removable Battery Design နဲ့ထုတ်လုပ်ထားပြီး အရှေ့နှင့် အနောက်ဘက် ကိုမီးခိုးရောင်နဲ့သာ အသုံးပြုထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Micro USB Port, Headphone Jack တို့ကို Tablet အထက်ပိုင်းတွင် ထည့်သွင်း ထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com