4/01/2015

♪ Samsung Galaxy A7 & Samsung Galaxy E7 တို့ကိုနှိုင်းယှဉ်ကြည့်ခြင်း ♫


Samsung ဟာ Galaxy A7 ကိုဇန်န၀ါရီလမှာ စတင်မိတ်ဆက်ခဲ့ပြီးနောက် ကမ္ဘာ့တစ်ဝှမ်းရှိ မိုဘိုင်း ဖုန်းဈေးကွက်မှာ ရောင်းအား အကောင်းဆုံးအဖြစ် ရပ်တည်လာနိုင်တာဖြစ်ပါတယ်။ Samsung ရဲ့အပါးလွှာဆုံးလို့ မသတ်မှတ်နိုင်ပေမယ့်လည်း 6.3mm အထူသာရှိတဲ့ စမတ်ဖုန်းမို့လို့ အရွယ်အစားနဲ့လိုက်ဖက်ညီနေတာကို တွေ့ရပါတယ်။ Galaxy A7 ဟာ အသစ်ထွက်ရှိထားတဲ့ Galaxy A-Series ထဲက အဖွဲ့ဝင်ဖုန်းတစ်လုံးဆိုတာကို ဖုန်းရဲ့သတ္တုကိုယ်ထည်အစိတ်အပိုင်းက ဖော်ပြနေပါတယ်။

A7 မှာ Full HD ဗီဒီယိုတွေ ရိုက်ကူးနိုင်တဲ့ 16MP rear camera နဲ့ 5MP ရှေ့ဘက်ကင်မရာ တို့ကို တွေ့ရနိုင်ပါတယ်။ သိုလှောင်မှုအတွက် Internet ကို 16GB ထားရှိပြီး 64GB ထိ microSD နဲ့တိုးမြှင့်နိုင်ပါတယ်။ Android OS 4.4.4 (KitKat) ကို Galaxy A7 ရော E7 မှာပါ အသုံးပြုနိုင်အောင် စီစဉ်ထားပါတယ်။ E7 မှာလည်း A7 ရဲ့ကင်မရာ အရည်အသွေးချင်း ဆင်တူပါဝင်နေတာဖြစ်လို့ စွမ်းဆောင်ရည် မလျော့ကျပါဘူး။ A7 ရဲ့ ဘက်ထရီပိုင်းအတွက် ဖြုတ်/တပ် လို့မရတဲ့ Li-Ion 2600mAh ကို တပ်ဆင်ထားပြီး E7 ကတော့ Li-Ion 2950mAh ဘက်ထရီ သုံးစွဲပေးထားပါတယ်။

Design - - -
Galaxy A7 ဟာ တမူထူးခြားတဲ့ အသွင်ဆောင်ပြီး ပလတ်စတစ် အစား သတ္တုကိုယ်ထည်ကို သုံးထားထားလို့ ကိုင်ရတာ တောင့်တင်းခိုင်မာနေပါတယ်။ ပါးလွှာပေါ့ပါးတဲ့အနေအထားနဲ့ လေးထောင့် ဆန်ဆန်ဒီဇိုင်းကြောင့် အမြင်ပိုင်းဆွဲဆောင်မှု ရှိပါတယ်။

ပလတ်စတစ်ကိုယ်ထည်နဲ့ E7 ကိုထည့်သွင်းတည်ဆောက်ပေးထားပြီး ဘေးဘောင်တွေဟာ A7 ထက်ပိုပြီး ထင်ရှားပေါ်လွင် တာတွေ့ရပါတယ်။ မျက်နှာပြင်ခပ်ပြပားပြားနဲ့ ဘေးဘောင်တွေဟာ ငွေရောင်နဲ့ ဖုံးအုပ်ထားလို့ ပိုခမ်းနားတဲ့ဒီဇိုင်းမျိုး ဖန်တီးထားပါတယ်။

Processor - - -
Samsung Galaxy A7 အတွက် လုံလောက်တဲ့ စွမ်းရည်ကို ပံ့ပိုးပေးနိုင်ဖို့ Qualcomm ရဲ့ 64bit Snapdragon 615 Octa-core processor က အသင့်ရှိနေပါတယ်။ Multi-tasking နဲ့ ဂိမ်းအတွက်ကို 2GB RAM နဲပ Adreno 405 ဂရပ်ဖစ်ရဲ့လုပ်ဆောင်ချက်တွေ ထားရှိပေးထားပါတယ်။

Qualcomm Snapdragon 410 Chipset ကို သုံးထားပြီး 1.2GHz အမြန်နှုန်းရှိတဲ့ quad-core procedssor ရဲ့ အလုပ်လုပ်ပေးနိုင်လို့ စွမ်းဆောင်ရည် အားကောင်းပါတယ်။ RAM 2GB ကိုလည်း ထည့်ပေးထားပြီး ဂရပ်ဖစ်ကတော့ Adreno 360 ဖြစ်ပါတယ်။

Display - - -
Super AMOLED Screen ဟာ အလွန်ကောင်းမွန်နေပြီး Full HD ရုပ်ထွက်အရည်အသွေးဖြစ်တဲ့ 1080x1920 pixels ပါဝင်ပါတယ်။ Galaxy Alpha ထက် ပိုကြီးမားတဲ့ 5.5 လက်မအရွယ် display ရှိပြီး Gorilla Glass 4 နဲ့ မျက်နှာပြင်ကို အကြမ်းခံနိုင်ဖို့ ဖုံးအုပ်ပေးထားပါတယ်။

E7 ရဲ့ Screen ဟာ ကြည်လင်ပြတ်သားပြီး အရောင်အသွေးစုံလင်ပါတယ်။ 5.5 လက်မအရွယ် display နဲ့ HD Resolution ကို ရရှိမှာဖြစ်ပြီး 267 ppi pixels density ပါဝင်ပါတယ်။ မြင်ကွင်းကောင်းစေ ဖို့ ဘေးဘောင်တွေကို သေးငယ်အောင် ပြုလုပ်ပေးထားပါတယ်။

Verdict - - -
Samsung Galaxy A7 ဟာ အတော်လေး ကြည့်လို့ကောင်းတဲ့ ဖုန်းအမျိုးအစားထဲမှာ ပါဝင်နေပါတယ်။ သူ့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေအတွက် အမြဲတစေ စောင့်ကြည့်နေရမှာဖြစ်ပြီး သုံးရတာ အဆင်ပြေချောမွေ့စေပါတယ်။ အရည်အသွေးကောင်းတဲ့ ကင်မရာ ကိုလည်း တပ်ဆင်ပေးထားပြီး အရောင်မျိုးစုံ ရွေးချယ်နိုင်ပါတယ်။

Galaxy E7 ကို 4G Network ထဲ ချိတ်ဆက်ထားတာမို့ နေရာမရွေး နိုင်ငံမရွေး ဖုန်းပြောဆိုနိုင်ပါတယ်။ 5.5 လက်မ Screen ဟာ ဖုန်းတစ်လုံးအတွက် ရှိသင့်တဲ့ အရွယ်အစားဖြစ်တာကြောင့် ဂိမ်းနဲ့ ဗီဒီယိုတွေကို အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်။ လူကြိုက်များပြီး စိတ်ဝင်စားစရာကောင်းတဲ့ Samsung ရဲ့ E-Series အဖွဲ့ဝင် ဖြစ်ပါတယ်။

Credit : Net Guide Journal
Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com