4/01/2015

♪ ပေါ့ပါးပြီး ဈေးနှုန်းသက်သာသည့် Surface 3 ကို Microsoft မိတ်ဆက် ♫

Microsoft သည် Surface 3 ကို မိတ်ဆက်ပေးခဲ့ပြီး အဆိုပါ tablet ကို အမေရိကန်ဒေါ်လာ ၄၉၉ ဖြင့် မေလ ၅ ရက်တွင် ဖြန့်ချိရောင်းချသွားမည်ဖြစ်ကြောင်းနှင့် ကြိုတင်မှာယူမှုများကို အင်္ဂါနေ့မှ စတင်ပြုလုပ်နိုင်ကြောင်း ကြေညာခဲ့သည်။

Microsoft ၏ Surface 3 သည် ယခင် Surface ထုတ်ကုန်များကဲ့သို့ app များ အားလုံး ထောက်ပံ့မှု မရရှိသည့် Windows RT ဗားရှင်းကို အသုံးပြုထားခြင်း မရှိပေ။ ယခင်က Microsoft Surface Pro မော်ဒယ်များတွင် ပုံမှန်အသုံးပြုနေသည့် Windows ပါဝင်လာချိန်တွင် Surface ၌ Windows RT ကို အသုံးပြုခဲ့သည်။

Surface 3 သည် အပါးလွှာဆုံး tablet ဖြစ်ကြောင်း Microsoft က ညွှန်းဆိုခဲ့ပြီး ၎င်း tablet တွင် Office 365 တစ်နှစ်အခမဲ့ အသုံးပြုခွင့် ထည့်သွင်းပေးထားကြောင်း ပြောကြားခဲ့သည်။ Surface Pro 3 ကဲ့သို့ပင် Surface 3 တွင် Microsoft က kickstand ကို ထည့်သွင်းပေးထားပြီး stylus ထောက်ပံ့မှု ပါဝင်လာသော်လည်း Surface Pen ကို သီးခြား ဝယ်ယူရမည် ဖြစ်ကြောင်း သိရသည်။

၎င်း tablet ၏ မျက်နှာပြင်အကျယ်မှာ ၁၂ လက်မအရွယ် Pro မော်ဒယ်များထက် သေးငယ်ပြီး အရွယ်မှာ ၁၀.၈ လက်မသာ ရှိသည်။ Surface 3 ကို Windows 8.1 နှင့်အတူ တင်ပို့ရောင်းချသွား မည် ဖြစ်သော်လည်း ယခုနှစ်နှောင်းပိုင်းတွင် ထွက်ရှိမည့် Windows 10 update ကိုရရှိနိုင်မည် ဖြစ်သည်။

Ref: BusinessInsider

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com