HTC က တရုတ်နိုင်ငံ ဘေဂျင်းတွင် ပွဲတစ်ခုပြုလုပ်၍ HTC One M9+ ကို ကြေညာလိုက်ပါသည်။
One M9+ တွင် ၅.၂ လက်မ QHD ( 1440×2560) Display တပ်ဆင်ထားပြီး Android 5.0 Lollipop ကို HTC Sense 7 နှင့် ပူးတွဲ အသုံးပြုထားပါသည်။ 32GB Storage ပါရှိပါသည်။ အနောက်ဘက်တွင် 20MP Camera အပြင် Depth-Sensing အတွက် အပေါ်ဘက်တွင် ဒုတိယ ကင်မရာတစ်လုံး တပ်ဆင်ပေးထားပါသည်။ အရှေ့ဘက်တွင် UltraPixel Camera ပါရှိပါသည်။
2.2GHz Octa-Core CPU တပ်ဆင်ထားသော MediaTek MT6795T Chipset နှင့် 3GB RAM က M9+ ၏ ထင်ရှားသည့် Specification များ ဖြစ်ပါသည်။
Dolby Surround Sound နည်းပညာပါသော HTC BoomSound စပီကာများကို အရှေ့ဘက်တွင် တပ်ဆင်ပေးထားပါသည်။ တရုတ်နိုင်ငံရှိ AliPay ငွေပေးချေသည့် စနစ်နှင့် တွဲဖက်အသုံးပြုနိုင်သည့် Fingerprint Sensor ကို Home ခလုတ်တွင် တပ်ဆင်ထားပါသည်။ တရုတ်နိုင်ငံပြင်ပတွင် ရောင်းချသည့် M9+ တွင် Fingerprint Sensor ပါရှိမည်လားဆိုသည်ကိုမူ မသိရသေးပါ။
HTC One M9+ တွင် 2840mAh Battery တပ်ဆင်ထားပါသည်။ HTC က အညို၊ ရွှေရောင်များ ထုတ်လုပ်ပေးထားပါသည်။
Myanmar Digital Life Journal