YouTube က 60fps Video များကို ထောက်ပံ့ပေးမည်ဟု ၂၀၁၄ ခုနှစ်
အောက်တိုဘာလတွင် ကြေညာခဲ့ ပါသည်။ ယခုအခါ TechCrunch ၏ အဆိုအရ YouTube တွင်
60fps 4K Video များကို ပြသနိုင်ရန် စမ်းသပ်နေသည်ဟု သိရပါသည်။
60fps 4K Video များသည် 24fps နှင့် 30fps Video များထက် ပိုမိုကြည်လင်ပြတ်သားပြီး လှုပ်ရှားမှုပုံရိပ်များသည်လည်း ပိုမို ချောမွတ်မည် ဖြစ်သည်။ 4K Video များကို အရည်အသွေး ပြည့်ဝစွာ ကြည့်ရှုနိုင်ရန် 3840×2160 (4K ) Resolution Display တပ်ဆင်ထားသော ပီစီများ လိုအပ်ပါသည်။
YouTube က လက်ရှိတွင် 60fps 4K Video ခြောက်ခုကို ပြုလုပ်ထားပြီး စမ်းသပ်နေပါသည်။ စမ်းသပ်မှု အောင်မြင်လျှင် တစ်ကမ္ဘာလုံးအတွက် ၀န်ဆောင်မှုပေးမည် ဖြစ်သည်။
Myanmar Digital Life Journal