Huawei က စွမ်းဆောင်ရည်မြင့် Huawei P8 နဲ့ အတူ အရွယ်ကြီး
အမျိုးအစားဖြစ်တဲ့ Huawei P8 Max ကို မိတ်ဆက်လိုက်ပါတယ်။ P8 Max ဟာ ၆.၈
လက်မအရွယ် ဖြစ်တာကြောင့် ဖုန်းမက ၊ တက်ဘလက် မကျတဲ့ Phablet
အမျိုးအစားဖြစ်ပါတယ်။ အရွယ်ကြီး ဖုန်း ကိုင်ချင်သူတွေ အတွက်တော့
ရွေးချယ် စရာတစ်ခုပါ။ Display ရဲ့ ဘယ်ဘက်နဲ့ ညာဘက်ရှိ ဘေးဘောင်တွေကို
အလွန်သေးငယ်အောင် ပြုလုပ် ထားပြီး Display ဟာ အရှေ့ဘက်မျက်နှာပြင်ရဲ့ ၈၃
ရာခိုင်နှုန်းကို နေရာယူထားပါတယ်။ Display ရဲ့ Resolution ကတော့ 1080p Full
HD ဖြစ်ပါတယ်။
P8 လိုပဲ P8 Max မှာ aerospace-grade aluminium နဲ့ ပြုလုပ်ထားတဲ့ သတ္တုကိုယ်ထည်ကို တပ်ဆင်ပေးထားပါတယ်။ ၆.၈ မီလီမီတာ အထူသာရှိပြီး အတွင်းပိုင်းမှာ အလွှာခုနစ်ခုပါတဲ့ အပူလျှော့ချပေး တဲ့ တည်ဆောက်မှု ပါရှိပါတယ်။ အဲဒီ တည်ဆောက်မှုကြောင့် P8 Max ရဲ့ Chipset ဟာ အခြား ပြိုင်ဖက် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေထက် အပူချိန် 5ံ C ပိုမိုလျော့နည်းပြီး လည်ပတ်နိုင်ပါတယ်။ အပူချိန် ပိုမိုလျော့နည်းလေလေ Chipset ရဲ့ စွမ်းဆောင်ရည်က ပိုမိုကောင်းလေလေ ဖြစ်ပါတယ်။
P8 Max မှာ 2.2GHz 64-bit Octa-Core Processor တပ်ဆင်ထားတဲ့ Kirin 935 Chipset ကို တပ်ဆင်ထားတာကြောင့် Apps များစွာကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်စေမယ့် Split-Screen Multitasking စွမ်းဆောင်ချက်ပါရှိပါတယ်။ 3GB RAM ပါရှိပြီး တက်ဘလက်တွေလိုပဲ Home Screen မှာ Landscape Mode ကို အသုံးပြုနိုင်ပါတယ်။
P8 Max ရဲ့ အနောက်ဘက်မှာ Optical Image Stabilization နည်းပညာပါတဲ့ 13MP Camera တပ်ဆင်ထားပါတယ်။ 1080p Full HD Video များကို ရိုက်ကူးပေးနိုင်ပါတယ်။ ဖုန်းမှာ DSLR ကင်မရာ အရည်အသွေး ဓါတ်ပုံများကို ဖမ်းယူပေးနိုင်ဖို့အတွက် သီးခြား Image Processor ပါရှိပါတယ်။ အရှေ့ဘက်မှာ 5MP Camera တပ်ဆင်ပေးထားပါတယ်။

Phablet မှာ အရွယ်ကြီးတဲ့ 4360mAh Battery တပ်ဆင်ပေးထားတဲ့အတွက်
သာမာန်အသုံးပြုရင် ၂ ရက် အသုံးခံပြီး အလွန်အကျွံအသုံးပြုရင် ၁.၅ ရက်
အသုံးခံတယ်လို့ ကုမ္ပဏီက ပြောပါတယ်။
P8 Max အတွက် ကာဗာများစွာကို ကုမ္ပဏီက ထုတ်လုပ်ရောင်းချပေးမှာ ဖြစ်ပါတယ်။
အဲဒီကာဗာတွေထဲမှာ HTC DotView လို အသုံးပြုနိုင်တဲ့ သားရေနဲ့
ပြုလုပ်ထားတဲ့ ကာဗာလည်းပါရှိပါတယ်။ နောက်ပြီး ချိန်ညှိနိုင်တဲ့ Kickstand
လို အသုံးပြုနိုင်တဲ့ သံလိုက် Case တွေလည်း ရောင်းချပေးမှာ ဖြစ်ပါတယ်။
P8 Max မှာ ဗီဒီယိုကြည့်ရင် ၁၅ နာရီ အသုံးခံပြီး အောက်ခြေမှာ တပ်ဆင်ထားတဲ့ 1W Speaker ကြောင့် အသံထွက်အား ကောင်းပါတယ်။ Dual-SIM အသုံးပြုနိုင်ပြီး 4G LTE ဆက်သွယ်ကို အထောက်အပံ့ပေး ပါတယ်။
Huawei P8 Max ကို P8 ရောင်းချပြီး တစ်လလောက်အကြာမှာ နိုင်ငံပေါင်း ၃၀ မှာ စတင်ရောင်းချပေး မှာဖြစ်ပါတယ်။ တန်ဖိုးက 16GB Model ကို ယူရို ၅၅၀ သတ်မှတ်ထားပြီး 64GB Model ကို ယူရို ၆၅၀ သတ်မှတ်ထားပါတယ်။ အရောင်တွေအလိုက်လည်း ဈေးနှုန်း ကွာခြားမှာ ဖြစ်ပါတယ်။
Myanmar Digital Life Journal