အသစ်ထပ်မံထုတ်လုပ်လိုက်သည့်
Xiaomi တံဆိပ် Mi Note Wood Edition ကို ပြည်တွင်းဈေးကွက်တွင်
ဝယ်ယူနိုင်ပြီဖြစ်သည်။ အဆိုပါ ဖုန်းသည် ပုံမှန်ထက် ဝ.၉ မီလီမီတာ အနည်းငယ်
ပိုထူမည်ဖြစ်ပြီး အလေးချိန်အားဖြင့် ပုံမှန်ထက် ၅ ဂရမ်
ပိုမိုပေါ့ပါးမှုရှိမည်ဖြစ်ကြောင်း သိရသည်။
Mi Note Wood Edition သည် 4G LTE ကွန်ရက်အထိ ထောက်ပံ့ပေးနိုင်မည်ဖြစ်ပြီး GSM ဆင်းမ်ကတ် နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်သော Dual SIM အမျိုးအ စားဖြစ်သည်။ မြင်ကွင်း အရွယ်အစား ၅.၇ လက်မရှိပြီး အမြန်နှုန်း Quad-core 2.5GHz Krait 400 ရှိသော CPU နှင့် Adreno 330 GPU စနစ်များ ထောက်ပံ့ ပါဝင် မည်ဖြစ်သည်။
Internal Memory အနေဖြင့် 3GB RAM နှင့် သိုလှောင်မှုပမာဏမှာ 16GB နှင့် 32GB နှစ်မျိုး ရှိမည်ဖြစ်ကြောင်းသိရသည်။ 13 Megapixel ရှိသော နောက် ဘက်ကင်မရာနှင့် 4 Megapixel ရှိသော ရှေ့ဘက်ကင်မရာများပါဝင်ပြီး ကင်မရာပိုင်းတွင် Dual-LED Flash စနစ် ထောက်ပံ့ပါဝင်သည်။ Wi-Fi 802.11 a/b/g/n/ac ၊ Bluetooth 4.1 စနစ်များနှင့် ဘက်ထရီမှာ 3,000mAh ဘက်ထရီ ဖြစ်ကြောင်းသိရသည်။
Mi Note Wood Edition ကို တရားဝင် အာမခံအနေဖြင့် ၁ နှစ်ပေးထားပြီး တန်ဖိုးမှာ ၅၃ဝ,ဝဝဝ ကျပ်ဖြစ် သည်။