4/24/2015

♪ ကန်ဒေါ်လာ ၂၀၀ ဖြင့် ရောင်းချမည့် Mi 4i စမတ်ဖုန်းကို Xiaomi မိတ်ဆက် ♫


Xiaomi သည် အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တွင် Mi 4i စမတ်ဖုန်းကို ယမန်နေ့က မိတ်ဆက်ပေးခဲ့သည်။ Xiaomi ကုမ္ပဏီ၏ ဒုဥက္ကဌဖြစ်သူ ဟူဂိုဘာရာက Mi 4i ကို မိတ်ဆက်ပေးစဉ်အတွင်း “i” အမှတ်တံဆိပ်သည် အိန္ဒိယနိုင်ငံကို ကိုယ်စားပြုကြောင်း ပြောကြားသွားခဲ့သည်။

Mi 4i စမတ်ဖုန်း၏ ဒီဇိုင်းသည် Mi 4 နှင့် အလွန်ကွာခြားခြင်း မရှိဘဲ သင့်တော်သည့် ပြောင်းလဲမှု များကိုသာ ပြုလုပ်ထားသည်။ Mi 4 ၏ သတ္တုဘောင်ကို ပိုလီကာဗွန်နိဒ်ဖြင့် ပြုလုပ်ထားသော်လည်း Mi 4i တွင်မူ ဖုန်း၏ထောင့်ချိုးများနှင့် နေရာအနှံ့အပြားတွင် ပိုလီကာဗွန်နိဒ်ကို အသုံးပြုထားသည်။ Xiaomi သည် Mi 4 ကို မိတ်ဆက်ခဲ့ရာတွင် ဈေးနှုန်းကြောင့် ဝေဖန်ခံခဲ့ရခြင်းကို ရှောင်လွှဲနိုင်ခဲ့ပြီး Mi 4i ကို ရူပီး ၁၂,၉၉၉ (ကန်ဒေါ်လာ ၂၀၅) ဖြင့်ရောင်းချသွားမည် ဖြစ်သည်။

Mi 4i စမတ်ဖုန်းတွင် ယခင်မျိုးဆက်ချစ်ပ်ထက် ပိုမိုမြန်ဆန်သော ဒုတိယမျိုးဆက် Qualcomm Snapdragon 615 ကို အသုံးပြုထားသည်။ ထို့အပြင် octa-core ပရိုဆက်ဆာတွင် စွမ်းအင်ချွေတာပေး မည့် 1.7 GHz core ၄ ခုနှင့် ဖုန်း၏နောက်ကွယ်ရှိ လုပ်ဆောင်ချက်များအတွက် စွမ်းအင်ချွေတာပေး နိုင်သော 1.1 GHz ၄ ခုလည်း ပါဝင်လာသည်။

Mi 4i ၏အခြားအသေးစိတ် ဖော်ပြချက်များ အနေဖြင့် မျက်နှာပြင် ၅ လက်မ 1080p display, RAM 2GB, storage 16 GB, Android 5.0.2 Lollipop တွင် အခြေခံထားသော MIUI 6 နှင့် 3,120 mAh ဘက်ထရီ တို့ပါဝင်လာသည်။ Mi 4i ၏ ကျောဘက်ကင်မရာတွင် တိုးတက်အောင် လုပ်ဆောင်ထားသည့် HDR လုပ်ဆောင်ချက်ပါဝင်သည့် 13-megapixel ကင်မရာနှင့် ရှေ့ဘက်တွင် 5-megapixel ကင်မရာ တို့ပါဝင်လာမည် ဖြစ်သည်။

Ref: TheVerge

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com