4/29/2015

♪ ကမ္ဘာ့ပထမဆုံး RAM 4GB ပါဝင်သည့် Asus Zenfone 2 ပြည်တွင်းဈေးကွက်ဝင် ♫

ကမ္ဘာ့ ပထမဆုံး RAM 4GB ထည့်သွင်း အသုံးပြုထားသည့် Asus အမှတ်တံဆိပ် Zenfone 2 မော်ဒယ် ၃ မျိုးကို ပြည်တွင်းဈေးကွက်တွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ Zenfone 2 အား RAM 4GB နှင့် သိုလှောင်မှုပမာဏ 32GB ပါဝင်သော Zenfone 2 ZE551ML ၊ RAM 2GB နှင့် သိုလှောင်မှုပမာဏ 32GB ပါဝင်သော Zenfone 2 ZE551ML၊ RAM 2GB နှင့် သိုလှောင်မှုပမာဏ 16GB ပါဝင်သော Zenfone 2 ZE551ML ဟူ၍ မော်ဒယ် ၃ မျိုး ရှိမည်ဖြစ်ပြီး RAM 4GB နှင့် သိုလှောင်မှု ပမာဏ 32GB ပါဝင်သော မော်ဒယ်၏ တန်ဖိုးမှာ ၃၇ဝ,ဝဝဝ ကျပ်ဝန်းကျင်၊ RAM 2GB နှင့် သိုလှောင်မှုပမာဏ 32GB ပါဝင်သော မော်ဒယ်ကို ၂၈၅,ဝဝဝ ကျပ်ဝန်းကျင်နှင့် RAM 2GB နှင့် သိုလှောင်မှုပမာဏ 16GB ပါဝင်သောမော်ဒယ်ကို ၂ဝဝ,ဝဝဝ ကျပ်ဝန်းကျင်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

Zenfone 2 သည် GSM နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်သော Dual SIM အမျိုးအစားဖြစ်ပြီး မြင်ကွင်း အရွယ်အစား ၅.၅ လက်မ ရှိမည်ဖြစ်သည်။ Quad-core အမျိုးအစား CPU နှင့် PowerVR G6430 GPU စနစ်များပါဝင်ပြီး 13MP နောက်ကင်မရာနှင့် 5MP ရှေ့ကင်မရာများကို တပ်ဆင်အသုံးပြုထားကြောင်း သိ ရသည်။ Android OS v5.0 (Lollipop) ကို ထည့်သွင်းထားပြီး ဘက်ထရီမှာ 3000 mAh အမျိုးအစား ဖြစ်သည်။

စိတ်ပါဝင်စားသူများ အနေဖြင့် ရှမ်းကုန်းလမ်းရှိ Win Mobile World ဖုန်း- ၀၁ ၅၁၂၆၈၉၊ ၀၉၇၃၂ ၂၂၈ ၈၈ တွင် ဝယ်ယူနိုင်မည်ဖြစ်သည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com