4/30/2015

♪ Oppo က LTE ကို ထောက်ပံ့သော ဒေါ်လာ ၁၆၀ တန် Oppo A31 ကို ရောင်းချ ♫

1

Oppo က တရုတ်နိုင်ငံတွင် Dual-SIM ဖုန်း ဖြစ်သည့် Oppo A31 ကို မိတ်ဆက်လိုက်ပါသည်။ A31 ၏ အနောက်ဘက်တွင် ဖန်မျက်နှာပြင်ဖုံးအုပ်ထားပြီး ဒေါ်လာ ၁၆၀ သတ်မှတ်ထားပါသည်။ Dual-Glass Design ဖြစ်ပြီး သတ္တုကိုယ်ထည် တပ်ဆင်ထားပါသည်။ အထူမှာ ၈ မီလီမီတာ ဖြစ်ပါသည်။

A31 တွင် ၄.၅ လက်မအရွယ် 480×854 Display , Quad-Core Cortex-A53 CPU ပါရှိသော Qualcomm Snapdragon 410 Chipset , 1GB RAM, 8GB Storage ပါရှိပြီး 128GB အထိဝင်ဆန့်သော microSD Card ထည့်သွင်း အသုံးပြုနိုင်ပါသည်။ ColorOS နှင့် Android 4.4 KitKat ကို ပေါင်းစပ် အသုံးပြုထားပါသည်။

အနောက်ဘက်တွင် 8MP Camera နှင့် LED Flash တပ်ဆင်ထားပါသည်။ မျက်နှာချင်းဆိုင်တွင် 5MP Camera ပါရှိပါသည်။ SIM Slot နှစ်ခုစလုံးတွင် 4G LTE ကို အထောက်အပံ့ပေးပါသည်။ 2000mAh Battery ပါရှိပါသည်။

ယခုလက်ရှိတွင် Oppo A31 ကို တရုတ်တွင်သာ ရောင်းချပေးမည် ဖြစ်ပြီး အိန္ဒိယနှင့် ဥရောပနိုင်ငံ အချို့တွင် နောက်ပိုင်း၌ ရောင်းချမည်ဟု မျှော်လင့်ရပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com