တန်ဖိုး - ကန်ဒေါ်လာ ၉၉.၉၉
အားသာချက် - Dolby Sound System ပါဝင်ပြီး၊ ဈေးနှုန်းကလည်း ကန်ဒေါ်လာ ၁၀၀ ဝန်းကျင် အမျိုးအစား ထဲမှာသာရှိတဲ့ Tablet တစ်လုံး ဖြစ်ပါတယ်။ ဒါ့အပြင် Headphone နဲ့ ဂီတသံစဉ်တွေကို နားထောင်မယ်ဆိုရင် အရည်အသွေးမြင့်တဲ့ အသံပိုင်းကို ခံစားရမှာလည်း ဖြစ်ပါတယ်။
အားနည်းချက် - Screen အရွယ်အစား အနည်းငယ် သေးကွေးတဲ့အတွက် မြင်ကွင်းကို ကြည့်မြင်ရတဲ့အခါမှာ အနည်းငယ် ကျဉ်းမြောင်းတာကို တွေ့မြင်ရမှာဖြစ်ပြီး၊ Graphic ပိုင်းမှာလည်း 3D Graphic အရမ်းသုံးထားတဲ့ App တွေကို သုံးစွဲတဲ့အခါမှာ အနည်းငယ် ထစ်နေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
သုံးသပ်ချက် - Lenovo A1000 ဟာ ဈေးနှုန်းမျှတပြီး စရိတ်ချွေတာတဲ့ Tablet အမျိုးအစား တစ်ခုဖြစ်တာကြောင့် Game ကစားတဲ့အခါမှာ အရမ်းကောင်မွန်တာမျိုး မရှိပေမယ့် စီးပွားရေး လုပ်ငန်းသုံးများ အတွက်တော့ သင့်တော်တဲ့ Tablet တစ်လုံး ဖြစ်ပါတယ်။ ဒါ့အပြင် ၇ လက်မ အရွယ်အစားသာ ရှိတာကြောင့် ကိုင်ဆောင်၍ အသုံးပြုရတာလည်း လွယ်ကူတာကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
အသေးစိတ် ဖော်ပြချက် - Dual Core Processor ကိုအသုံးပြုထားပြီး Processor ရဲ့ အမြန်နှုန်းကတော့ 1.2 GHz ရှိမှာဖြစ်ပါတယ်။ RAM ကို 1GB ထည့်သွင်းပေးထားပြီး၊ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 8GB ပမာဏရှိတဲ့ Storage ပါဝင်မှာဖြစ်ပါတယ်။ Micros SD Card ကို 32GB အထိ အထောက်အပံ့ ပေးနိုင်မှာ ဖြစ်ပါတယ်။ Tablet ကို အသုံးပြုနိုင်ဖို့အတွက် အသုံးပြုထားတဲ့ System ကတော့ Android 4.1 ဖြစ်တဲ့ Jelly Bean Version ကို အသုံးပြု ထားပါတယ်။ TFTCapacitive Touchscreen ကို အသုံးပြုထားပြီး Resolution ကတော့ 1024 x 600 resolution ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ အရှေ့ဘက် ကင်မရာ တစ်လုံးထဲသာ ပါဝင်မည်ဖြစ်ပြီး 0.3 Megapixels သာရှိမှာ ဖြစ်ပါတယ်။ ဘက်ထရီကတော့ Li-Polymer ဘက်ထရီကို အသုံးပြုထားပြီး ဘက်ထရီ သိပ်သည်းဆကတော့ 3500mAh ရှိမှာဖြစ်ပါတယ်။ Web Browsing အသုံးပြုမယ်ဆိုရင် တောက်လျှောက် ၈ နာရီ အသုံးခံမှာဖြစ်ပြီး ၊ ဗီဒီယို ကြည့်ရှုမယ်ဆိုရင်တော့ ၆ နာရီသာ အသုံးခံနိုင်မှာ ဖြစ်ပါတယ်။
ဒီဇိုင်း - Lenovo A1000 Tablet ဟာအရှေ့ဘက်ဘောင် နှင့်အနောက်ဘက် Cover ကို အနက်ရောင်နှင့် ပြုလုပ်ဖန်တီး ပေးထားပါတယ်။ ပါးလွှာတဲ့ ဒီဇိုင်ပုံစံကို ပြုလုပ် ထားတာကို တွေ့မြင်ရမှာပြီး ကိုယ်ထည်ပိုင်းကို ပလတ်စတစ်နဲ့ ပြုလုပ်ထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
Ref : CNET
Internet Journal