4/28/2015

♪ အပြောင်းအလဲတွေ ပြုလုပ်တော့မယ့် Facebook ရဲ့ notifications ♫



Facebook ၀က်ဆိုက်ဟာ သုံးစွဲသူတွေက အကောင့်ကို ဖွင့်လိုက်တာနဲ့ ပထမဆုံးတွေ့မြင်ရမယ့် notifications ကို အပြောင်းအလဲ ပြုလုပ်တော့မယ်လို့ သိရပါတယ်။ notification ဆိုတဲ့ သဘောက သုံးစွဲသူတစ်ယောက်က ၀က်ဆိုက်မှာ သူ Like လုပ်ထားတဲ့ အကောင့်တွေ၊ သူငယ်ချင်းတွေနဲ့ ဆိုင်တဲ့ အကောင့်တွေနဲ့ Facebook က ညွှန်းဆိုလိုက်တဲ့ သတင်းအချက်အလက်တွေကို ဖော်ပြပေးတဲ့အတွက် သုံးစွဲသူတွေ စိတ်ဝင်အစားဆုံးအရာပဲ ဖြစ်ပါတယ်။

သေချာတာကတော့ Facebook ရဲ့ notification တွေကို တိုးချဲ့မည့်ကိစ္စအစီအစဉ်အတွက် သုံးစွဲသူတွေ အတွက် အကျိုးရှိမည့် အခြေအနေတွေ ဖြစ်ပေါ်လာဖို့ ရှိနေပါတယ်။ အသစ်ပြောင်းလဲမယ့် အစီအစဉ်မှာ notification tab အသစ်တစ်ခုကို ၀က်ဆိုက်တစ်ခုလုံးမှာ ရှိတဲ့ အကြောင်းအရာတွေ စုစည်းပြီး တစ်နေရာတည်းမှာ ဖော်ပြထားမှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေ အမြဲလိုလို ဖော်ပြနေတဲ့ တနေ့တာ အစီအစဉ်တွေဟာလည်း ပိုပြီး ပြီးပြည့်စုံလာဖို့ ရှိပါတယ်။

ဒီ new tab မှာ သုံးစွဲသူရဲ့ မွေးနေ့၊ ဘ၀တစ်သက်တာမှာ ရှိခဲ့တဲ့ အဖြစ်အပျက် တွေနဲ့ သူငယ်ချင်းတွေ၊ အနီးအနားမှာ ရှိတဲ့ ဒေသတွင်းစားသောက်ဆိုင်တွေကိုပါ ( ထူးခြားချက်ကတော့ ဘယ်အချိန်မှာ မနက်စာ စားနိုင်တယ်ဆိုတာကိုပါ ဖော်ပြပေးမှာဖြစ်) ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တွစ်တာဝက်ဆိုက် လိုပဲ သင်နေထိုင်နေရာ ဒေသတွင်းမှာ ဖြစ်ပျက်နေတဲ့ သတိထားရမယ့် သတင်းတွေနဲ့ အရင်တုန်းက တင်ထားခဲ့တဲ့ ပို့စ်တွေနဲ့ ဓါတ်ပုံတွေပေါ် မူတည်ပြီး ဒီနေ့သတင်းတွေကို ဖော်ပြပေးသွားမှာ လည်း ဖြစ်ပါ တယ်။ သင်နေထိုင်တဲ့ မြို့နဲ့ အနီးအနားမှာ ရှိနေကြတဲ့ သူငယ်ချင်းတွေကိုလည်း တွေ့မြင်ရဦးမှာပါ။

Facebook ကတော့ သူတို့ရဲ့ notification ပုံစံသစ်ဟာ သုံးစွဲသူတွေရဲ့ တနေ့တာအချိန်တွေ အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်ထားပါတယ်။

တခုရှိတာကတော့ ပြောင်းလဲမယ့် အစီအစဉ်သစ်ကို အမေရိကမှာ စတင်မိတ်ဆက်ပြီးမှ ကျန်တဲ့ ကမ္ဘာ့နိုင်ငံ တွေဆီ ရောက်ရှိလာမယ့် အချက်ပါ။ Facebook ဟာ ကင်ဆာရောဂါကြောင့် သေအံ့ မူးမူး ဖြစ်နေပြီး သူချစ်တဲ့ ခွေးနှစ်ကောင်ကို ရောဂါကြောင့် ကုသခန်းထဲ မခေါ်နိုင်တဲ့ ဆယ်ကျော် သက်တစ်ဦးအတွက် ခွေးအမျိုးအစား အမျိုးမျိုးရဲ့ ပုံပေါင်း ၅ သိန်းလောက် ဖော်ပြပြီး ကူညီပေးခဲ့ဖူးပါတယ်။

Credit: PlanetMyanmar

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com