4/22/2015

♪ Sony က Z3 ထက်ပိုမို ပါးလွှာပြီး ပေါ့ပါးတဲ့ Xperia Z4 ကို ကြေညာ ♫

Ashampoo_Snap_004_

Sony က စွမ်းဆောင်ရည်မြင့် Xperia Z3 ရဲ့ မျိုးဆက် Z4 ကို ဂျပန်မှာ ကြေညာလိုက်ပါတယ်။ ဒီဇိုင်း ပိုင်းမှာတော့ အတူတူဖြစ်ပြီး Specification ပိုင်းမှာတော့ အနည်းငယ်သာ အဆင့်မြှင့်ထားတာ ဖြစ်ပါတယ်။

Z4 ကို Android 5.0 Lollipop မောင်းနှင်ပြီး ၅.၂ လက်မ Full HD 1080p Display တပ်ဆင်ထားပါ တယ်။ ပိုမိုကြီးမားပြီး ကောင်းမွန်တဲ့ Selfie များ ရိုက်ကူးဖို့အတွက် 25mm wide-angle 5.1 MP Front Camera ပါရှိပါတယ်။

Snapdragon 810 64-bit Octa-Core Processor, 3GB RAM, 32GB Storage ပါရှိပြီး 128GB အထိဝင်ဆန့်တဲ့ microSD Card ထည့်သွင်းနိုင်ပါတယ်။

Z4 မှာ Z3 မှာလိုပဲ 4K Video များကို ရိုက်ကူးနိုင်တဲ့ 20.7MP Camera ကို အနောက်ဘက်မှာ တပ်ဆင်ပေးထားပါတယ်။ သတ္တု ဖရိမ်ကို တပ်ဆင်ထားပြီး ဘက်ထရီိကတော့ 2930mAh ဖြစ်ပါတယ်။ Z4 ဟာ အရင်မျိုးဆက်ထက် အနည်းငယ်ပါးလွှာလာပြီး ၆.၉ မီလီမီတာ အထူရှိပါတယ်။ အလေးချိန်အပိုင်းမှာ လည်း Z3 ရဲ့ ၁၅၂ ဂရမ်ထက် ပေါ့ပါးလာပြီး Z4 ဟာ ၁၄၄ ဂရမ်သာ ရှိပါတယ်။

အခြား Xperia Device များလိုပဲ Z4 ဟာ ဖုန်မ၀င်အောင် ကာကွယ်ပေးထားနိုင်ပါတယ်။ ၄.၉၂ ပေ ရေ အနက်မှာ မိနစ် သုံးဆယ်ကြာ ထားရှိနိုင်ပါတယ်။ Z4 ဟာ အရင်မျိုးဆက်ထက် အများကြီး ကောင်းမွန် လာခြင်း မရှိပါဘူး။

Sony Xperia Z4 ကို အဖြူ၊ အနက်၊ ကော့ပါး၊ အစိမ်းရောင်များ ထုတ်လုပ်ပေးထားပြီး နွေရာသီအတွင်း ဂျပန်မှာရောင်းချပေးမှာ ဖြစ်ပါတယ်။ ဈေးနှုန်းနဲ့အခြားရောင်းချမယ့်နိုင်ငံများကိုတော့ ကြေညာခြင်း မရှိသေး ပါဘူး။

Ashampoo_Snap_002_  Ashampoo_Snap_001_
Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com